Part 6

3.4K 191 4
                                        

Part6

"ဟို..ရေ.."

အခန်းတံခါးမှာပဲ ရပ်တန့်သွားသည့် ခြေလှမ်းတို့ဟာ ပြန်လှည့်လာမိသည်ကို နောင်တ ရနေကြဟန်တူပါသည်။

"‌ဟင်... မောင်"

နွယ် ရက်စက်သည်။နွယ် က ကျွန်မ ဂရုစိုက်မှုတွေကို အသိအမှတ်မပြုဘဲ..ပေါင်မုန့်ကိုသာ အားရပါးရစားနေသည်။ ကျွန်မ ၀ယ်ပေးသော လက်ဖက်ထမင်းဘူးလေးကတော့ နွယ် ရဲ့ ဂရုစိုက်မှုမခံရတဲ့ အမှိုက်သာသာ။‌ေနာင်တအပြည့်နှင့် ကျွန်မ ခြေလှမ်းတွေကို အင်လျားကန်ဘောင်သို့ ဦးတည်လိုက်သည်။

"မောင်...မင်း အထင်လွှဲနေပြီ ထင်လို့"

"ဟင့်အင်း မောင် အထင်မလွှဲပါဘူး"

ထပ်ကြပ်မကွာပါလာသော နွယ်ဂာ ကျွန်မ ခြေလှမ်းတို့ကို မှီရန် မနည်းကြိုးစားရလိမ့်မည်။ရပ်ပေးဖို့ ဆန္ဒ မရှိပါ။လိုလိုလားလား ပေးသော စေတနာဟာ အမှိုက် ဖြစ်ရသည်မလား။

"လိမ်တာ"

"မလိမ်ပါဘူး..မောင် အထင်မလွှဲပါဘူး မောင့် မျက်စိတွေကို မောင် ယုံတယ်"

"ဒါပေမဲ့....မောင်"

ထပ်ကြပ်မကွာပါလာသော နွယ့်အသံလေးက မာလာမှတ်တိုင်နားမှာ စကားပြောတော့မှ မောဟိုက်နေမှန်း သိလိုက်ရသည်။

"မောင် ပြန်တော့မှာ ..."

"ဟာ..မောင်"

"သြော်...ရုံးခန်းကို ပြန်ပို့ပေးမယ်"

ခေါင်းငိုက်စိုက်နှင့် နွယ့် ကို လိုက်ပို့ပေးမည် ဟု ဆိုပြီး နောက်ကြောင်းပြန်လှည့်ကာ ရှေ့မှသွားတော့ နွယ်က ယခင်နေရာ မှာ ရပ်၍ ကျန်နေခဲ့သည်။ အခြေအနေကို နားလည်သော ရိပ်မိမှ မလှမ်းမကမ်း သို့ ရောက်နေပြီဖြစ်သော ခြေလှမ်းတို့ကို ပြန်လှည့်ကာ အနား သွားရသည်။

"မောင်..ရုံးခန်း ကို အရင် ပြန်လိုက်ပို့ပါ့မယ်"

"နေအုံး"

"လာပါ..."

ရပ်နေမြဲ ရပ်နေသည့် နွယ့် လက်တွေကို ကျွန် ‌ဆွဲယူလိုက်သည်။

"လက်နာတယ် ဖြေးဖြေးဆွဲ ပြီးတော့ အင်းယားမှာ ခန ထိုင်ရအောင် စာသင်ချိန်မရှိတော့ဘူး"

STAY {COMPLETED }Tempat cerita menjadi hidup. Temukan sekarang