Part 14

1.9K 116 2
                                    

Part14

"မ" ကို စိုးရိမ်လို့ တံတာဖြူမှတ်တိုင်မှာပဲ ဆင်းပြီး ကျောင်းကို ပြန်လိုက်သည်။
ခရီးကအပြန် နည်းနည်းပင်ပန်းနေ၍ ကား ကို မယူခဲ့မိတာ တနေကုန်မှ နောင်တရသွားရတော့သည်။

"မ..."

"သြော်..မောင် ၀င်ခဲ့လေ...မပြန်သေးဘူးလား"

ကျွန်မ ခေါ်သံကြားမှ "မ" က စားပွဲခုံပေါ် မှောက်အိပ်နေရာမှ အိပ်ချင်မူးတူး ထကာ ပြော သည်။ အိပ်ရေးမ၀ လို့ ဆူပုတ်နေသည့် "မ" က တကယ့်ကလေးလေးလို အပြစ်ကင်းသည်။ ချစ်စရာကောင်းသည်။

"မ...မောင်ပို့တဲ့ စာတွေ မဖတ်လို့ စိတ်ပူလို့ ပြန်လာတာ"

"ဟင်..ဟုတ်ပါ့ "မ" ခန မှိန်းနေတာ ..ဆောတီးနော် ကလေး"

"ရပါတယ်.."မ" ရဲ့ ဒီနေ့ မောင်လိုက်ပို့ပေးမယ်"

"ဟို..ရတယ် မောင် မှ မပြန်တက်တာ..လမ်းတွေ မှားမှာစိုးလို့"

"ဟင့်အင်..taxi စီးပြန်မှာပေါ့..လာပါ မငြင်းပါနဲ့ "မ" taxi နဲ့ ပြန်မလား"

"ရပါတယ်..bus နဲ့ ပြန်မယ်လေ "မ" သင်ပေးမယ် လိုက်မှတ်ထား"

"ဟုတ်"

"မ" အိမ်ထိ လိုက်ပို့ ပေးရမည် မလို့ စိတ်လှုပ်ရှားသည်။ "မ" မိဘတွေက ကျွန်မ မျှော်လင့်သလို ဖော်ရွှေကြမည် ထင်ပါသည်။"မ" က မာလာ မှတ်တိုင်မဟုတ်ဘဲ စံရိမ်ငြိမ်(ဂမုန်းပွင့်)ဘက် သွားကာ ကားစောင့်စီးသည်။

"ဒီဘက် စီးရင်...တစ်ခါဘဲ စီးရတယ်လေ..ဒီကနေ စီးပြီး တာမွေအိုးရှင်း မှတ်တိုင်မှာ ဆင်းရမှာ"

"ဟုတ်.."

"ဟိုမှာ...ကားလာပြီ "

"မ" က ကျွန်မ လက်ကို ဆွဲ bus ပေါ် ရှေ့က တက်သွားသည်။လူပြည့် နေသည်မို့ နှစ်ယောက်လုံး မတ်တပ်ရပ်ရတော့သည်။"မ" ထိုင်တဲ့ ခုံဘေးမှာ မတ်တပ်ရပ်ပေးပြီး အိပ်ငိုက်နေသည့် "မ" ကို ကျွန်မ ကိုယ်ကို မှီ၍ သက်တောင့်သက်သာ အိပ်စေမည်..ဟု တွေးထားခဲ့သည်။ ၁၅မိနှစ်လောက်ကြာမှ ခုံလွတ်၍ "မ" ကို ထိုင်စေသည်။

"မ..အိပ်ငိုက်ရင် မောင့် ကို မှီထားနော် အားမနာနဲ့"

"ရပါတယ်.."မ" မငိုက်တော့ပါဘူး မောင့် လွယ်အိတ်...သြော် မောင်က အလှပျက်မှားစိုးတာ မေ့သွားတယ်"

STAY {COMPLETED }Tempat cerita menjadi hidup. Temukan sekarang