part 3
"ကမလေးတွေ..အချိန်စာရင်း ကပ်ထားပြီနော်...ငါအလုပ်ကြိုးစားတယ်နော် နောက်ဆို အခြောက်မ လို့မခေါ်နဲ့ အောင်အောင် လို့ခေါ်ကြပါ..တကယ်ပဲ ပြောရတာ မောတယ်"
အတန်းရှေ့ကနေ အော်ပြီး သူ၏ ဆံသားတိုတိုလေးများကို အသာအယာ သပ်တင်သေးသည်။ဆံပင်ကို သပ်ခါသပ်ခါ နှင့် မရှိလှတဲ့ တင်ကို ရမ်း၍ ကျွန်မတို့ ဆီသို့ လာသော အောင်အောင့်ကို အာလုံးရယ်ကြသည်။အောင်အောင်က ချစ်စရာကောင်းသည်။ အောင်အောင့် ဆံပင်က ကျွန်မနှင့် စန္ဒာထက်ပင် ပျော့ပျောင်း၍ ဆံသားကောင်းသည်။
"ငါ့ကိုပြအုံး.."
"ရော့...ထမင်းစားပြီးချိန်က ဇိမ်ပဲ ဥမ္မာဒန္တီတဲ့ ချယ် သင်နေရင် အိပ်ကောင်းလိုက်မယ့် ဖြစ်ခြင်း"
"ပုံပြင်လေး တအေးအေးနဲ့တော့ တွေ့ပြီ..ကိုယ့်ကို ချော့သိပ်မဲ့ သူကိုတော့ ချယ်လို့မခေါ်ချင်ဘူး...မာမား လို့ပဲ ခေါ်ကြမလား"
ထုံးစံအတိုင်း အောင်အောင်နှင့် စန္ဒာကတော့ တစ်ေယာက်တစ်ခွန်း အတိုင်အဖောက်အလွန်ညီကြသည်။
"တော်ပါ..စန္ဒာမရယ်...သူက ခုမှ အငယ်လေးရှိသေးတာ.."
နွယ် အချိန်က ထမင်းစားနားပြီးချိန် များဖြစ်၍ ခိုးအိပ်မဲ့သူတွေ များပေမဲ့ ကျွန်မတော့ ငိုက်ပင်ငိုက်ဖြစ်မည်ဟု မထင်မိပါ။ နွယ်၏ စာသင်တိုင်း ကြားရသည့် အသံချိုချိုလေး...နွယ်အသံက စူးပြီး မစွာပဲအသံလေးကပင် နွေးသည့် ကာလာလေးနှင့် ဖြစ်သည်။
ပြီးတော့ သူမ နှုတ်ခမ်းလှုပ်တိုင်း အစွယ်ထွားလေးကို ရင်ခုန်ရသေးသည်။နွယ် ၏ အစွယ်ထွားလေးက သွားတက်လို တစ်ခြားသွားပေါ် ထပ်ပေါက်သည့် သွားတက်လေး မဟုတ်ဘဲ သွားတန်းလေးမှာ ခပ်ချွန်ချွန်ကလေးနှင့် ကြည့်ကောင်းသည်။
"ဟဲ့..သွားကြမယ်လေ ငပျင်းမ နှစ်ယောက်.. အတန်းပြန်တက်ဖို့ ငါးမိနစ်ပဲ လိုတော့တာ"
"အင်း...သွားမယ်လေ...တက်ကြွနေလိုက်တာယ်"
ကန်တင်းက အပြန် ကျွန်မ ကော်ဖီအေး တစ်ခွက် ၀ယ်ခဲ့ပြီး နွယ် အတွက် စားပွဲပေါ် တင်ေပးခဲ့သည်။ အောင်အောင်နှင့် စန္ဒာကလွဲ၍ မည်သူမျှ သတိ မထားမိ ဟု ထင်ပါသည်။ကျွန်မဟာ အမြဲ အ့သည်လို အကျင့်ကလေးရှိသည်။ကိုယ်သဘောကျသည့် သူကို အစားအသောက်ကလေးများ မျှဝေရသည်ကို ကြိုက်သည်။အများအားဖြင့် တစ်ဖက်လူ အကြိုက်မဟုတ်ဘဲ ကျွန်မ၏ အကြိုက်ကလေးများ ဖြစ်နေတက်သည်။

ESTÁS LEYENDO
STAY {COMPLETED }
Romanceဒီဇာတ်လမ်းလေးမှာတော့ ရန်ကုန်တက္ကသိုလ်ရဲ့ ဒုတိယနှစ်ကျောင်းသူလေးရဲ့ ဆရာမရဲ့အချစ်ကို ပြန်လည်ရရှိဖို့ကို အပူအပင်မရှိဘဲ...ဘေးနာမှာရှိနေပေးပြီး ဂရုစိုက်ခြင်းအပြည့်နဲ့ ချစ်ခြင်းရဲ့အလကာ်ကို တွေ့ရှိရမှာပါ။အချစ်ဆိုတဲ့ ချစ်ဖို့ပဲ မဟုတ်ဘူး...ဖွင့်ဟဖို့ လိုကြော...