Part 9

2.5K 161 4
                                    

Part9

ကျွန်မ၏ အပြုအမူအောက်မှာ မှင်သေစွာ ငေးနေသော မ မျက်နှာမှာ ပျာယာခတ်နေဟန်။ မျက်မှန်အောက်က မျက်၀န်းအစုံက ချာချာလည်နေသည် ။ ကြယ်လေးတွေ မြင်နေရသည်။

ကျွန်မကို ကြည့်၍ ရည်ရွယ်ချက်ကို သိ‌ချင်နေပုံပဲ။ကိုယ်တိုင်ကလည်း ဘာကြောင့်ဆိုတာ ရေရေရာရာ မသိဘဲ စိတ်ဆန္ဒအရသာ ဆုပ်ကိုင်လိုက်ခြင်းပင် ဖြစ်သည်။

ကျွန်မရဲ့ အကြည့်တို့ မ ၏ နှုတ်ခမ်းတစ်စုံပေါ်မှာ ရပ်တန့်သွားသည်။ အနီရောင်လိုလဲ အရိုင်းမဆန်ဘဲ ပန်းရောင်လိုလဲ မနူးညံ့လှသော မ ရဲ့ နှုတ်ခမ်းအစုံက သေသပ်လှပသည်။

ထိမကြည့်ဘဲလည်း ထိုနှုတ်ခမ်းတို့ရဲ့ နူးညံမှုကို သိနိုင်သည်။ ထိုအရာတို့ကို ပိုင်ဆိုင်ချင်သည်။ ထိတွေ့လိုက်ချင်သည်။သို့ပေမဲ့ မ ၏ မျက်နှာလွှဲသွားသော လှုပ်ရှားမှုကြောင့် ထိုအရာတို့က မြင်ကွင်းမှ ‌လွှင့်သွားခဲ့သည်။

ကျွန်မ ကိုယ်တိုင်လည်း အိပ်မက်မှ နိုးထလာသူလို လက်တွေ့ကို ပြန်ရောက်လာသည်။

"ဆောတီး..ရုတ်တရက်ဆိုတော့ "မ" လန့်သွားလို့"

"ဟင့်အင်း..မောင် ရုတ်တရက် ကိုင်လိုက်တာ မဟုတ်ပါဘူး"

"ဟင်"

မ ဟာ ယခင်က လွှဲထားသည့် အကြည့်တွေကို ကျွန်မ အပေါ် စုပုံခဲ့သည်။ "မ" အကြည့်တွေက ကျွန်မ ကို အံ့သြနေတုန်းပဲလား။ လန့်နေသည်လား။ပို၍ အံ့ဩသွားသည်လား။ စိတ်ဆိုးတော့မည် လား ။ ကျွန်မ မခွဲတက်ပါ။ ကျွန်မ ရင်ခုန်သံတို့ အဆုံးရောက်လောက်အောင် ခုန်နေပေမဲ့..."မ" ဘက်ကရော။

"မောင်...သေချာ စဥ်းစာပြီးမှ..ဆုပ်ကိုင်လိုက်တာ"

မထူးဇာတ်ကို ခင်းဖို့၊ မရေရာသည့် အကြောင်းကို ရေရေရာရာ ဆွဲတွေးကာ ဇာတ်ကို အဆုံးထိ ကခုန်လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

"အင်းပါ..ဘာပဲဖြစ်ဖြစ်"

"မ..."မ" နဲ့ အစ်ကိုစည်သူ တို့က"

မေးခွန်းမဆုံးခင် အဖြေရနှင့်လိုက်သည်။

"ကျောင်းနေဖက် သူငယ်ချင်းတွေ"

STAY {COMPLETED }Where stories live. Discover now