1960-1970 နှောင်းပိုင်း ( အတိအကျမဟုတ်နိုင် )
ဒရိုင်ဘာဘကြီးသောင်းတစ်ယောက်ရုံးမသွားသေးဘဲကားနောက်ခုံကနေကားပြတင်းပေါက်အပြင်ဘက်ကလူသွားလူလာတွေကိုကြည့်နေသူမြို့အုပ်အားကြည့်ကာသက်ပြင်းချမိသည်။
" တစ်ခုခုဝယ်စရာရှိလို့လားမြို့အုပ်..."
အပြောကိုခေါင်းတငြိမ့်ငြိမ့်ဖြင့်မြို့အုပ်အကြည့်ကအရှေ့ခန်းကကားမောင်းသူဦးသောင်းဆီဆိုက်ရောက်လာလေသည်။
ဒီယောကျာ်းသားဟာသိပ်ခန့်ညားတာ...အသက်၂၀အရွယ်လေးနဲ့မြို့အုပ်ဖြစ်လာသည်မို့မြို့ကအလှအပမိန်းကလေးတွေရဲ့သည်းသည်းလှုပ်ခြင်းခံရတဲ့နှင်းဆီခိုင်။ချောတယ် ချမ်းသာတယ် ပညာတတ်တယ် နောက်ခံကောင်းတယ်။ဒီလိုအားလုံးပြီးပြည့်စုံတဲ့ယောကျာ်းအားမိန်းကလေးတိုင်းလိုချင်တာဆန်းသလား။နာမည်ကိုက ဥပဓိမောင်တဲ့...နာမည်နဲ့လိုက်အောင်ကိုမြို့အုပ်ရဲ့ဥပဓိရုပ်ကသိပ်မက်မောချင်စရာကောင်းလှသည်။
" အဲ့ပန်းဆိုင်က..."
" ပန်းဝယ်မလို့လားမြို့အုပ်..."
" မဟုတ်ဘူးရောင်းနေတဲ့လူကို..."
" ခင်မျာ..."
ဦးသောင်းမျက်လုံးပြူးသွားကာကားပြတင်းပေါက်ကနေပန်းဆိုင်ကရောင်းနေသူကိုကြည့်မိသည်။ထိုမှပိုပြီးနားထင်ကြောသွေးတွေပင်ဆောင့်တက်လာလေသည်။မြို့အုပ်လိုချင်တဲ့ပန်းသည်ကယောကျာ်းလေး။
ယောကျာ်းလေးဆိုပေမဲ့ထိုလူငယ်ဟာအတော့်ကိုကြည့်လို့ရှု့လို့ကောင်းသည်။ရုတ်တရက်ကြည့်လိုက်ပါကားမိန်းကလေးနဲ့အနည်းငယ်ရုပ်ဆင်သလိုလို။
" မြို့အုပ်ရယ် ဟုတ်မှလဲလုပ်ပါဗျာ...လူကိုတော့ဘယ်ဝယ်လို့ရမလဲ..."
" တယ်...ကျုပ်ဖြင့်မြို့အုပ်ဖြစ်နေတာကိုမေ့နေသလားဦးသောင်း..ဒီမြို့မှာအချမ်းသာဆုံးကကျုပ်ပါနော်...ကျုပ်လူမပြောနဲ့လောကကြီးကိုတောင်ဝယ်နိုင်တယ် သိသလား..."
" သိ...သိပါတယ်မြို့အုပ်ရယ် ဒါပေမဲ့..."
" တော်တန်တိတ်...အပိုအလိုတွေမကြားချင်ဘူး ကျုပ်ကိုဒီမှာစောင့်နေ သဘောပေါက်လား။ "
YOU ARE READING
နှလုံးသားရဲ့ အထူးဧည့်သည် ( complete )
Fantasy( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့ကြောင့်တစ်စုံတစ်ရာ နာမည် နေရာ အရပ်ဒေသ ( စသည် )တူပါကတိုက်ဆိုင်မှု့လို့သာမှတ်ယူစေလိုပါသည်။