Uni
" တော်ပါမြို့အုပ် ကျွန်တော့်နောက်ကဆက်မလိုက်ပါနဲ့တော့..."
" ကိုယ့်ခြေထောက်နဲ့ကိုယ်လိုက်တာဘဲခင်များချီထားရလို့လားပြော..."
ခွန်းရောင်ခြည်ကစက်ဘီးလေးတွန်းရင်းလမ်းလျှောက်ပြန်လာစဥ်သူ့နောက်ကနေတကောက်ကောက်လိုက်လာသူကြောင့်စိတ်ညစ်မိသည်။ဘာလို့သူ့ကိုမှလာနှောက်ယှက်နေရသည်လဲ။
" အများသူငှာမြင်ကုန်ရင်တစ်မျိုးထင်ကုန်လိမ့်မယ် မြို့အုပ်..."
" ကျုပ်ကသူတို့ကိုအဲ့လိုတောင်ထင်စေချင်တာ...ကျုပ်ခွန်းရောင်ခြည်ကိုသဘောကျတယ်'
ရုတ်တရက်ကြီးဖွင့်ဆိုခံလိုက်ရတာကြောင့်ခွန်းရောင်ခြည်တစ်ယောက်ပါးလေးတွေရဲတက်လာကာရှက်သွေးဖြာမိသည်။သူ့ကိုယ်မှဘာလို့လာပြောရတာလဲ...ခွန်းရောင်ခြည်နေရာမှာမိန်းကလေးတစ်ယောက်သာဆိုခေါင်းပြုတ်မတက်ခေါင်းငြိမ့်ကာချက်ချင်းလက်ခံမည်မှာအမှန်။ဒါပေမဲ့လဲခွန်းရောင်ခြည်မှမြို့အုပ်ကိုသဘောမကျတာ...
" ကျွန်တော်မကြားခဲ့သလိုနေလိုက်ပါ့မယ်မြို့အုပ်...မြို့အုပ်ပြောသင့်တဲ့လူကိုသာသွားပြောပါ..."
" အခုပြောသင့်တဲ့လူကိုပြောနေတာဘဲလေ...ကျုပ်ခင်များကိုချစ်တယ် ခင်များကိုမြတ်နိုးတယ် ခင်များကိုပိုင်ဆိုင်ချင်တယ်..."
" တော်ပါမြို့အုပ်ရယ်...ကျွန်တော် ရှက်နေပြီ.."
ဘေးဘီကိုကြည့်ကာခေါင်းလေးငုံ့ရင်းဆိုလာသူကြောင့်ဥပဓိမောင်သက်ပြင်းတစ်ချက်ချလို့စက်ဘီးလေးရှေ့ဝင်ရပ်လိုက်သည်။အနုနည်းနဲ့မရတော့အကြမ်းနည်းနဲ့ပေါ့...
" ကျုပ်စိတ်သိပ်ရှည်တဲ့လူမဟုတ်ဖူး ရှင်းရှင်းဘဲမေးမယ်...ကျုပ်ကိုသဘောကျလား သဘောမကျဘူးလား ချစ်လားမချစ်ဖူးလား။..."
" ဥပဓိမောင်!! "
" အောဟောမေးခွန်းကခက်သွားသလား ဒါဖြင့်ရင် စေ့စပ်မလား လက်ထပ်မလား အရမ်းစောနေရင်လဲရည်းစားအဖြစ်ကနေစလို့ရတယ်နော်..."
" မင်း!! "
ခွန်းရောင်ခြည်တစ်ယောက်အကျပ်ရိုက်ခံရသလိုစကားလုံးတွေဟာပြောချင်သော်လည်းလည်ပင်းမှာသာတစ်နေလေသည်။ဒီလူကိုသူလေးစားနေဖို့လဲအဆင့်မရှိတော့...သူတကယ်ဒေါသထွက်လာလေပြီ။
YOU ARE READING
နှလုံးသားရဲ့ အထူးဧည့်သည် ( complete )
Fantasy( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့ကြောင့်တစ်စုံတစ်ရာ နာမည် နေရာ အရပ်ဒေသ ( စသည် )တူပါကတိုက်ဆိုင်မှု့လို့သာမှတ်ယူစေလိုပါသည်။