အပိုင်း၇

31.8K 2.1K 241
                                    

Uni

  မနက်စောစောစီးစီးနှစ်ယောက်သားမင်္ဂလာဆွမ်းကပ်ရန်အတွက်မသွားခင်အရင်ဆုံးဝတ်စားဆင်ယင်ကြသည်။ခွန်းရောင်ခြည်ညကဥပဓိမောင်ပေးထားတဲ့လည်ကတုံးလေးနဲ့ပုဆိုးလေးအားဝတ်ကာခေါင်းသေချာဖြီးမိသည်။

  ကိုယ်ကပြီးနေပြီ မပြီးသေးတာရေချိုးခန်းထဲကတစ်ယောက်။မင်္ဂလာဆွမ်းမို့မနက်အစောကြီးနှစ်ယောက်သား၅နာရီကတည်းကထကြကာစောစောသွားရန်ပြင်ဆင်ကြပေမဲ့အခုထိရေချိုးခန်းထဲကမထွက်လာသေးသူဟာဥပဓိမောင်သာ။

" ဟက်ချိ...ဥပဓိမောင် မင်းမပြီးသေးဘူးလား အဘယ်ကြောင့်များနှစ်လရှည်များရေမချိုးဖူးတဲ့လူလို့ချိုးနေရတာတုန်း...."

" မောင်ပြီးပြီ...ခနဘဲ..."

ရေချိုးခန်းတံခါးအားခေါက်ရင်းမကျယ်မတိုးအသံလေးနဲ့ပြောလိုက်တော့အထဲကပြန်ဖြေကြားလာသည်ကားခနလေးတဲ့လေ။အကျယ်ကြီးအော်ရအောင်လဲအိမ်မှာလူကြီးတွေကမနိုးသေးတာကြောင့်တိုးတိုးလေးသာပြောရခြင်း။

  ခနကြာတော့ရေချိုးခန်းထဲကနေတစ်ခါတည်းအဝတ်အစားဝတ်လာသူဟာဆံပင်ရေစက်လက်ဖြင့်။

" ဘယ်လိုများ ကပိုကရိုဖြစ်နေရသလဲ...ရေတွေပြောင်အောင်မသုတ်ခဲ့ဖူးလားဥပဓိမောင်..."

" မင်းဘဲမြန်မြန်လုပ်ဆိုလို့လေ...ရတယ်ခနနေရင်ခြောက်သွားလိမ့်မယ်။ "

" ခက်တာဘဲဥပဓိမောင် ဒီလောက်စိုနေတာခနသာထားလိုက်ရင်နေမကောင်းဖြစ်လိမ့်မယ် ဒီကိုလာခဲ့..."

  ရုတ်တရက်လူအားလာပြီးဆူပူလို့လက်ကောက်ဝတ်ကနေဆွဲကာကုတင်အောက်ကြမ်းပြင်မှာထိုင်ခိုင်းလို့ခွန်းရောင်ခြည်ကတော့အဝတ်တစ်ခုဖြင့်ကုတင်ပေါ်မှာထိုင်ကာဥပဓိမောင်ရဲ့ဆံပင်တွေကိုသုတ်ပေးရန်ပြင်လေသည်။

" ငါတောင်နှာချေမပျောက်သေးတာမင်းပါဖြစ်ရင်တစ်အိမ်လုံးကူးကုန်မယ် သဘောပေါက်သလား..."

" ဟုတ်ကဲ့..."

  ဥပဓိမောင်ခွန်းရောင်ခြည်ကိုကျောပေးကာထိုင်နေပေမဲ့ခေါင်းကအနောက်ကိုခနခနလှည့်ကြည့်တာကြောင့်ခွန်းရောင်ခြည်ကဆံပင်တွေသုတ်ရင်းအရှေ့ကိုပြန်လှည့်လှည့်ပေးသည်။ထိုကိုသဘောတကျဖြင့်ဥပဓိမောင်ပြုံးမိသည်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now