အပိုင်း၁၅

26.4K 1.7K 226
                                    

Uni

" အယ်ဟုတ်လို့လားဟယ်...."

" သူကဘဲမြူဆွယ်တာနေမှာ...ရုပ်ကလေးသနားကမားနဲ့ဟယ်..."

" စိတ်ပျက်စရာပါမြို့အုပ်ကအခြောက်မဟုတ်ဖူးဟဲ့...."

   ထိုစကားတွေထိုအပြောတွေကိုခွန်းရောင်ခြည်စျေးခင်းကတည်းကကြားမိပါသည်။သူ့ကိုကြည့်ကာပြောဆိုနေကြသည်ကားကြည့်ရတာဟိုမိန်းကလေးဖြန့်လိုက်တဲ့သတင်းကတော်တော်ပြန့်သည့်ပုံ။တော်သေးတာပေါ့ သူတို့အထင်မှာကိုယ်ကသာမြူဆွယ်တယ်လို့ထင်နေကြတာ...ဥပဓိမောင်ကိုမကဲ့ရဲ့ဖို့ကအရေးကြီးပါသည်။

" မြို့အုပ်နဲ့ယူထားတယ်ဆိုပြီးပန်းလာရောင်းနေတာဘဲ...ကြည့်ရတာမြို့အုပ်ကအငယ်အနှောင်းအဖြစ်ဘဲသတ်မှတ်ထားတာထင်ပါတယ်...ခစ်ခစ် "

   မိန်းကလေးကဘေးကယောကျာ်းလေးနှစ်ယောက်ကိုခွန်းရောင်ခြည်ဆိုင်ရှေ့အားလာကာပြောဆိုသည်ကာပြောရဲတဲ့အဆင့်။ခွန်းရောင်ခြည်ထိုကိုပြန်မချေပဘဲပြုံးရယ်ရင်းသာ။

" ဘာများဝယ်မလဲ "

" နှင်းဆီတစ်စည်းပေးစမ်းပါ..."

" ဟုတ်ကဲ့ခနစောင့်ပါ..."

" ရုပ်လေးကသနားကမားနဲ့အခြောက်ဘဲ ခစ်ခစ် "

" မြို့အုပ်ကသူ့လိုလူကိုကြိုက်မယ်တဲ့လား အံ့သြပါ့် "

  မိန်းကလေးအပြောကိုဘေးကယောကျာ်းနှစ်ယောက်ကလှောင်ပြုံးပြုံးကာအချင်းချင်းပြောဆိုသည်ကိုခွန်းရောင်ခြည်မကြားချင်ယောင်သာဆောင်မိသည်။

" ရပါပြီ ပန်းစည်းပါ..."

" ရော့ ယူလိုက် ဟဟ "

  မိန်းကလေးဘေးကယောကျာ်းလေးက
ပန်းစည်းကိုယူကာအကြွေစေ့တွေအားခွန်းရောင်ခြည်ရင်ဘတ်တည့်တည့်ကိုပစ်ပေးလိုက်တာမို့အကြွေစေ့တွေဟာမြေပြင်ပေါ်သို့။ထိုအချိန်မှာဘဲစျေးလမ်းထဲကအသံတွေအားလုံးဟာရုတ်ချဥ်းမလှတိတ်ဆိတ်သွားသလိုဆိုင်ရှေ့ကလူသုံးယောက်အနောက်ကလူဟာလဲဒေါသမျက်လုံးတွေဖြင့်။

" မင်းစောက်ဆင့်နဲ့များငါ့ယောကျာ်းကိုမထီမဲ့မြင်ပြုတယ်ပေါ့လေ..."

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now