အပိုင်း၁၃

26.5K 1.7K 247
                                    

Uni

အခန်းထဲကိုထိုးကျလာတဲ့နေရောင်ခြည်ဟာအခန်းငယ်လေးထဲကဖက်အိပ်နေတဲ့ကောင်ငယ်လေးနှစ်ယောက်ပေါ်ကိုဖြာကျလို့။

" အင်းးး "

နေရောင်ထိုးလို့တစ်ချက်ညဥ်းကာရင်ခွင်ထဲပိုတိုးဝင်လာသူလေးကိုဥပဓိမောင်ထွေးပွေ့ထားမိသည်။မျက်လုံးဖွင့်လိူက်ချိန်ချစ်ရသူကိုမြင်လိုက်ရတာဟာဥပဓိမောင်အတွက်အလွန်ကိုကျက်သရေရှိလေသည်။

လက်မောင်းကဒဏ်ရာနဲ့မို့ဥပဓိမောင်ရဲ့အပေါ်ပိုင်းဟာဘလာကျင်း။ဒဏ်ရာလေးကိုသေချာဆေးထည့်လို့ပတ်တီးလေးစည်းပေးထားသူဟာညကအတော်အငိုမတိတ်။

" နိုးနေသလားမောင့်ခြည်!! "

ဘေးတစ်စောင်းသူ့ဘက်ကိုလှည့်အိပ်နေသူလေးရဲ့နဖူးပေါ်ကဆံပင်လေးတွေကိုသပ်တင်ပေးကာပြောမိတော့ဘာသံမှမထွက်။အသံရှုသံပုံမှန်ဖြစ်နေတာကြောင့်မနိုးသေးမှန်းသတိထားမိသည်။

" မောင့်မနက်ခင်းကကျက်သရေရှိသွားပြီအချစ်ရယ်...မင်းမျက်နှာလေးကကိုယ့်ရဲ့ကိုးကွယ်ရာအရပ်ကလေးအလား ထူးဆန်းသကိုး "

ရှည်လျားလှတဲ့မျက်တောင်ကော့ကော့တို့ဟာသိပ်လှတာ။တီရှပ်ဝတ်ထားလို့ပေါ်နေတဲ့နတ်ဘုရားတို့ရဲ့ရိုးတံတောင်ပံဆုံရာညှပ်ရိုးလေးဟာအထင်းသား။မင်းရဲ့အစိတ်အပိုင်းတစ်ခုချင်းဆီကိုကိုယ်မြတ်နိုးရပါတယ်အချစ်ရယ်..

" မောင်လေးရယ် ဖြစ်မှဖြစ်ရလေကွယ် ဂရုစိုက်မှပေါ့..."

" ဂရုစိုက်ရင်းဖြစ်တာဘဲအမရယ်ဘယ်တတ်နိုင်မတုန်း..."

မနက်ခင်းထမင်းစားဝိုင်းမှာညကဥပဓိမောင်ထိခိုက်မိတဲ့အကြောင်းသိသိချင်းအမဖြစ်သူကျော့မဒီကစိတ်ပူတကြီးဆိုလာလေသည်။ခွန်းရောင်ခြည်ကတော့ဥပဓိမောင်အတွက်ဆန်ပြုတ်ကိုယ်တိုင်ပြုတ်ပေးလေသည်။နေမကောင်းဖြစ်မှာစိုးလို့တဲ့လေ။

" ဆန်ကသိပ်မမာဘူးဥပဓိမောင် ဒါစားပြီးနေမကောင်းမဖြစ်အောင်နေ..."

" ကျွန်တော့်လက်ကနာနေတယ် ခပ်မစားချင်ဖူး...မနေ့ကလိုခွံ့ကျွေး "

ပေါ်တင်ကိုပြောလာသူကြောင့်ခွန်းရောင်ခြည်မျက်မှောင်ကျုံ့မိသည်။မနေ့ကခွံ့ကျွေးသည်ဆိုတာကနှစ်ယောက်တည်းရှိလို့အခုဟာကမကျော့မဒီကောကိုချစ်နိုင်ကောအပြင်ကလေးနှစ်ယောက်ကပါအစစ်ရှိလေသည်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now