အပိုင်း၂၇

21.9K 1.3K 116
                                    

Uni

" အင့် အချစ်~~~ "

" ဘယ်လိုဖြစ်နေသလဲဥပဓိမောင်..လွှတ်စမ်းလက်ဓားထိတော့မယ်..."

" မလွှတ်ပါဘူး...ဒီတိုင်းလုပ်ဒါလေးဖက်တာဘဲဟာကို..."

   ခွန်းရောင်ခြည်ဘာမှဆက်မပြောတော့။နောက်ဖေးမီးဖိုချောင်မှာသစ်သီးခွာနေသူအားအနောက်ကနေဥပဓိမောင်ကသိုင်းဖက်လို့နှစ်ယောက်သား တစ်နိုင်ငံလုပ်နေကြခြင်း။

" ဟိုဓားပြအမှု့ကမပြီးသေးဘူးလားဥပဓိမောင့်..."

" အင်း မောင်တို့ကစုံစမ်းလိုက် သူတို့ကခြေရာဖျောက်လိုက်နဲ့ မောင်တို့ဒီအမှု့ပြီးသွားရင်ရွာတစ်ရွာဆီအလယ်သွားကြမလားဟင်..."

" ဘယ်ရွာလဲ မလိုက်ချင်ပါဘူး "

" ဟာလိုက်ရမယ်...ပြီးရင်မောင်နဲ့လက်ထပ်တော့ စောင့်နေရတာကြာလှပြီ သူများတွေများမင်္ဂလာတွေဆောင်နေလိုက်ကြတာ မောင်ဖြင့်အားတောင်ကျတယ်..."

" အားကျရင် မင်းလဲသူတို့နဲ့အတူသွားဆောင်လေ...ငါနဲ့ဘာဆိုင်လဲပြော..."

   ခွန်းရောင်ခြည်အပြောကြောင့်ဥပဓိမောင်ဆူပုတ်ပုတ်လေးဖြစ်မိပေမဲ့အကြံတစ်ခုသူ့ခေါင်းထဲဝင်လာလေသည်။

" အင်းပေါ့မဆောင်ချင်လဲ သဘောပါလေ ကိုယ်မယ်ရီတို့အိမ်သွားပြီ မယ်ရီကို..."

" ဥပဓိမောင်!! "

" ဟက်ဟားဟားးး ဘာတုန်း ဘာဖြစ်တာတုန်း..."

  မယ်ရီနာမည်ကြားတာနဲ့ခေါင်းလေးနောက်လှည့်လာကာမျက်မှောင်လေးတွေကျုံ့လို့မျက်စောင်းထိုးလာသူကိုဥပဓိမောင်ရယ်၍သာမေးမိသည်။

" မင်း...ဟင့်..."

" ဟောဗျာ ဒါလေးစတာငိုစရာပါသလားအချစ်ရယ်..."

" မစနဲ့ ဟင့်..."

" ခက်ရောဘဲအချစ်ရယ် အင့် ဒီမှာထိုင်..."

   ခါးလေးကနေပင့်ချီလို့ဘေစင်ဘေးကနေရာလွတ်မှာထိုင်စေလိုက်မှခွန်းရောင်ခြည်ကဥပဓိမောင်အရပ်နှင့်တစ်ပြေးတည်းဖြစ်သွားလေသည်။

  မေးဖျားလေးကနေဆွဲယူကာမျက်လုံးချင်းအကြည့်ဆုံစေတော့ခေါင်းလေးစောင်းသွားသူကြောင့်ဥပဓိမောင်သဘောကျမိသည်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now