အပိုင်း၈

34.5K 2.1K 196
                                    

Uni

  ဥပဓိမောင်တစ်ယောက်သူငယ်ချင်းဖြစ်သူမြတ်ကျော်နဲ့အတူဆွေးနွေးနေတာကိုဘေးခုံမှာထိုင်ကာမျက်လုံးဝိုင်းလေးတွေဖြင့်လိုက်စပ်စုနေသူကိုတစ်ချက်ကြည့်မိသည်။တကယ်ကလေးလေးကျနေတာပဲ။

" ဒါဆိုဓားပြတွေကငါတို့မြို့ထဲရောက်လာပြီပေါ့..."

" အင်း သူတို့ကမြို့အလိုက်လိုက်ဓားပြတိုက်နေတာ...အနုနည်းအကြမ်းနည်း ပြီးတော့ သူတို့ဓားပြဗိုလ်ကကောင်လေးချောချောလေးတွေဆိုအလွတ်မပေးတတ်ဘူး။ "

   ထိုစကားကိုမြတ်ကျော်ကဘေးကခွန်းရောင်ခြည်မကြားအောင်ဥပဓိမောင်နားနားကိုတိုးကပ်ကာလာပြောလေသည်။ကြားကြားချင်းဥပဓိမောင်မျက်နှာပျက်သွားသည်။ဘာလို့ဆိုသူ့ယောကျာ်းလေးကတအားချောနေတာကို...

" အမြန်ဖမ်းဖို့မင်းကူညီမှရမယ်ဥပဓိမောင် မဟုတ်ရင်..."

" ၅ရက်အတွင်းရအောင်ဖမ်း..."

" ဟမ် "

" ၅ရက်ကများလွန်းသလား..."

" မ..မဟုတ်ပါဘူး..."

  ဥပဓိမောင်အပြောကြောင့်ဖမ်းရမဲ့မြတ်ကျော်ပင်လန့်သွားသည်။သူသိနေလေပြီလေ ဒီကောင်သူ​ယောကျာ်းလေးကိုစိတ်ပူနေတယ်ဆိုတာကို။

" အရေးကြီးတာတွေကိုညကျသောက်ရင်းပြောကြတာပေါ့ အခုတော့နားလိုက်ကြအုန်း...ညနေလောက်ဆိုငါ့ညီမပြန်လာတော့မှာ..."

" အင်းကောင်းပြီလေ... မောင်တို့သွားနားကြမယ်.."

" အင်း..."

  ဥပဓိမောင်ခွန်းရောင်ခြည်အားခေါ်ကာအပေါ်ထပ်ကမြတ်ကျော်ပြတဲ့အခန်းမှာနှစ်ယောက်သားဝင်နားလိုက်ကြသည်။အခန်းကသူတို့အိမ်ကအခန်းလောက်တော့မကျယ်...ကုတင်ကလဲအနည်းငယ်ကျဥ်းတာကြောင့်ခွန်းရောင်ခြည်အခက်တွေ့မိသည်။ညကျဘယ်လိုအိပ်ရပါ့မလဲ...

" ဆွေးနွေးတာကိုနားလည်သလား..."

" ဟမ်...ဟင့်အင်း..."

  ဥပဓိမောင်ကကုတင်ဘေးကအံဆွဲဗီရိုအသေးလေးပေါ်ကရေခယားလေးထဲရေကိုရေခွက်လေးထဲထည့်ကာမေးလာသည်ကိုခွန်းရောင်ခြည်ခေါင်းခါမိသည်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Où les histoires vivent. Découvrez maintenant