အပိုင်း၂၅

23K 1.4K 169
                                    

Uni

" ဘာ!!! ပိုင်စေရာကအဲ့ရွာကိုသွားတယ်...ကောင်းပြီ သူ့အတွက်အစောင့်အရှောက်လွှတ်ပေးလိုက်မယ်။ "

ဦးကောင်းစံအိမ်ကပြန်ခံနီးဥပဓိမောင်ဆီဖုန်းဆက်တာမို့ဥပဓိမောင်မျက်မှောင်တွေကျုံ့ကာဖုန်းပြောလေသည်ကိုခွန်းရောင်ခြည်ဘေးကနေသာငေးကြည့်မိသည်။ဖုန်းချချချင်းသူအမေးပြုမိသည်။

" ပိုင်စေရာဘာဖြစ်လို့လဲ..."

" သူပုန်ဓားပြတွေတိုက်ခိုက်နေတဲ့ရွာငယ်ကိုဆေးအကူအညီသွားပေးတယ်ဆိုဘဲ...ကိုယ်သူ့အတွက်အစောင့်အရှောက်ပို့ပေးလိုက်ပါ့မယ်....စိတ်ပူမနေပါနဲ့။ "

" ငါတို့လိုက်သွားရင်ကော..."

" ဘေးကင်းတဲ့နေရာမဟုတ်ဖူး...ကားပေါ်တက်ပြန်ကြမယ်ပြီးမှပိုင်စေရာအတွက်ဆွေးနွေးကြတာပေါ့..."

" အင်းပါ..."

" မယ်ရီသွားပြီ ဦးလေးသွားပြီ..."

ကားပေါ်တက်တက်ချင်းဥပဓိမောင်ကနှုတ်ဆက်စကားပြောတာကိုမယ်ရီကလက်လေးယမ်းကာနှုတ်ဆက်လို့။

" အကို ထပ်လာလည်အုံးနော် ဒီတစ်ခေါက်လာရင်အကြာကြီးနေပြီးမှပြန်ရမယ်..."

" အင်းပါ အကိုဆက်ဆက်လာခဲ့ပါ့မယ်။ "

" တာ့တာ့ အကိုကြီးး တာ့တာ..."

ကလေးဆန်တဲ့မယ်ရီကကားလေးက​ခြံထဲကထွက်သွားတာတောင်နှုတ်ဆက်မပြတ်။ပြန်လာတဲ့တစ်လမ်းလုံးပြုံးရယ်ချင်းမရှိတစ်ခုခုကိုတွေးတောနေတဲ့ခွန်းရောင်ခြည်ကိုဥပဓိမောင်အလိုမကျ။

" ဘာဖြစ်သလဲ...ပိုင်စေရာဘေးကင်းပါတယ်ဆိုကျုပ်ကိုပါလိုက်သွားစေချင်လို့လား ကျုပ်ကျသေသေကျေကျေပေါ့ ဟုတ်သလား..."

" အဲ့...အဲ့လိုမဟုတ်ပါဘူး ပိုင်စေရာကနေကောင်းခါစမို့ တစ်ခုခုဖြစ်မှာစိုးလို့ပါ..."

" အဲ့ကောင်ကသိပ်သူရဲကောင်းလုပ်ချင်တာ...ဒီလောက်ဘေးမကင်းပါဘူးဆိုထွက်သွားတာသူ့အမေတောင်တားမရဘူးဆိုဘဲ..."

ဥပဓိမောင်အပြောကိုခွန်းရောင်ခြည်ဘာမှပြန်မပြောမိ။သူ့စိတ်ထဲတစ်မျိုးကြီးနဲ့နေထိုင်မကောင်း။သူပိုင်စေရာကိုစိတ်ပူသည်။
.
.
.
.
" မွှေးနေရောဘဲ...ဒါတွေသာသူ့ပေးရင်သူသိပ်သဘောကျမှာ..."

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now