အပိုင်း၁၆

25.2K 1.6K 231
                                    

Uni

ဥပဓိမောင်ကစျေးသွားရောင်းရင်ဒီတစ်ခါတော့တကယ်ကြိုးတုပ်ကာတစ်သက်လုံးထားတော့မည်ဆိုတာကြောင့်ခွန်းရောင်ခြည်၇နာရီလောက်မှအိပ်ရာနှိုးလာလေသည်။တကိုယ်လုံးလဲမနေ့ကဒဏ်ကြောင့်ကိုက်ခဲနေကာဒဏ်ရာတွေကလဲစပ်ဖျင်းဖျင်းနဲ့။

" အန်တီ နောက်ကျမှထမိတယ် တောင်းပန်ပါတယ်..."

" မဟုတ်တာကွယ်...ဒီနေ့အန်တီတို့ကိုနည်းနည်ကူပေးကွယ် ဒီးဒီးနဲ့နီနီရဲ့မွေးနေ့ကမနက်ဖြန်လေ သူတို့အတွက်မွေးနေ့ပွဲလေးလုပ်ပေးမလို့..."

" အော် ကောင်းတာပေါ့ ဒါဖြင့်သူတို့အမေကောအန်တီ..."

" ကျော့မဒီကစျေးသွားမလို့ပြင်ဆင်နေတယ်ကွဲ့ သားလိုက်သွားချင်လိုက်သွားလေ အန်တီတို့ ညနေလောက်မှပြင်ဆင်ကြမှာပါ။ "

ဒေါ်လှတင့်ကဟင်းချက်ရင်းပြောလာတာကိုခွန်းရောင်ခြည်ခေါင်းလေးငြိမ့်မိသည်။သူလဲအိမ်မှာနေရတာပျင်းနေတာနဲ့မကျော့မဒီနဲ့စျေးထဲလိုက်ရန်သာပြင်မိသည်။ဥပဓိမောင်လဲအိမ်မှာမရှိတော့စျေးထဲသွားလို့တော့ရမည်...

" ကလေးတွေကသူတို့မွေးနေ့တိုင်းအမျိုးတွေလာလည်တော့ပျော်ကြတယ်လေ အရင်နှစ်ကတော့ပိုင်စေရာမလာနိုင်ပေမဲ့ဒီနှစ်တော့လာမယ်ထင်တယ်..."

" ဟုတ်ကဲ့ကောင်းတာပေါ့ မကျော့မဒီ..."

နှစ်ယောက်သားစျေးလမ်းထဲကိုစကားတွေပြောရင်းဝင်လာလိုက်ကြသည်။စျေးထဲခြေချတာနဲ့မနေ့ကဥပဓိမောင်သတိပေးသွားတာကြောင့်စျေးသည်တွေခင်မျာခွန်းရောင်ခြည်ကိုတွေ့တော့ခေါင်းတွေငုံ့နေရှာသည်။

သူတို့အတွက်ကတော့မြို့အုပ်ပြီးရင်သူတို့ကြောက်ရမည့်လူဟာခွန်းရောင်ခြည်ပင်မဟုတ်လား။

" ဂျုံရယ် ကော်မှုန့်ရယ် ပြီးရင်သကြားလဲပေးပါဆိုင်ရှင်..."

" ဟုတ်ကဲ့ပါခနလေးစောင့်ပါ..."

ခွန်းရောင်ခြည် မကျော့မဒီစျေးဝယ်တာကိုစောင့်ပေးရင်းဟိုကြည့်ဒီကြည့်လုပ်မိတော့မျက်စောင်းထိုးကရွှေဆိုင်လေးကိုအကြည့်ရောက်မိသည်။မှန်ဘောင်ထဲမှာထည့်ချိတ်ကာပြသထားတဲ့ရွှေရောင်တလတ်လတ်လက်ဝတ်လက်စားတွေဟာသိပ်ကိုလှပလှသည်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now