အပိုင်း၁၀

29.5K 1.8K 262
                                    

Uni

ဒေါ်လှတင့်အိမ်ကိုအလည်လာတဲ့တူလေးပိုင်စေရာကြောင့်ဝမ်းသာမိပေမဲ့ဧည့်ခန်းကဧည့်ထိုင်ဝိုင်းမှာလာထိုင်သူဥပဓိမောင်ကြောင့်စိတ်ထဲတစ်မျိုးဖြစ်မိသည်။ဥပဓိမောင်နဲ့ပိုင်စေရာကငယ်ငယ်ကတည်းကသိပ်မတည့်ကြတဲ့ကလေးနှစ်ယောက် အမဖြစ်သူကျော့မဒီနဲ့ပိုင်စေရာကတည့်သော်လည်းဗိုလ်ကျတတ်တဲ့ဥပဓိမောင်နဲ့ဆရာကြီးလုပ်တတ်တဲ့ပိုင်စေရာကတော့မတည့်။

" သံပုရာရည်လေးသောက်အုံး ချွေးတွေလဲထွက်နေပြီ ဒါလေးနဲ့သုတ်..."

တိတ်ဆိတ်နေတဲ့ဝိုင်းထဲခွန်းရောင်ခြည်ရောက်လာမှသုံးယောက်သားရယ်မောလို့။ပိုင်စေရာအပြောကြောင့်သမက်ကလေးခွန်းရောင်ခြည်နဲ့သူငယ်ချင်းဖြစ်နေကြောင်းဒေါ်လှတင့်သိသည်။အော် ရေစက်တွေများထူးဆန်းသကိုး။

" အလုပ်လုပ်ရတာအဆင်ပြေရဲ့လားပိုင်စေရာရဲ့ လိုအပ်ရင်ဥပဓိမောင်လေးကိုပြောလေ..."

" နေပါစေအန်တီရယ်...ကျွန်တော်ကအဆင်ပြေပါတယ် ဒီကိုပြန်လာရတာကလဲခွန်းရောင်ခြည်နဲ့တွေ့ချင်လို့လေ..."

" အော်သူငယ်ချင်းလေးကိုသိပ်ချစ်သကိုး.."

ပိုင်စေရာအပြောကြောင့်ဒေါ်လှတင့်ပြုံးရယ်မိသည်။ခွန်းရောင်ခြည်ကလဲသူနဲ့ပိုင်စေရာကြားကဆက်ဆံရေးကအရင်ကအတိုင်းဖြစ်နေတာမို့ပျော်မိသည်။မပျော်တာကဘေးကဥပဓိမောင်။

" ဒါဖြင့် မင်းဘယ်တော့မှအိမ်ထောင်ပြုမတုန်း လက်ယားလက်ယားနဲ့ ဒေါက်တာသာပြောတာသိပ်အားသကိုး..."

" အော် ကိုယ့်ချစ်သူကိုကြားကလူကဝင်ကြောင်သွားတော့ ပြန်လိုက်နေရတုန်းလေ "

အချင်းချင်းစကားနာထိုးကာအကြည့်ချင်းစစ်ခင်းနေကြသူတွေကြောင့်ကြားကခွန်းရောင်ခြည်နဲ့ဒေါ်လှတင့်ပင်ကြက်သီးထမိသည်။

" အဲ့ကြားကဖြတ်ဆွဲသွားသူကိုတော့ချီးကျူးတယ်ကွာ...ဇရှိတယ်ဘဲပြောရမှာပေါ့ ဟဟ "

" အဲ့ဇကဘယ်အထိရှိမယ်ထင်လို့တုန်း သူ့လက်ထဲကအဲ့အရာကိုပြန်ဆွဲယူရင်ဒူးထောက်လာရမှာဘဲလေ..."

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now