Uni
ခွန်းရောင်ခြည်တစ်ယောက်ညဥ့်နက်တာတောင်အိပ်မပျော်။ဥပဓိမောင်နဲ့မျက်နှာချင်းမဆိုင်ချင်လို့ကျောခိုင်းအိပ်ပါမည်ဆိုဥပဓိမောင်ကအခုထိလာမအိပ်သေး။ကုတင်ကကျယ်တာမို့သူတို့နှစ်ယောက်ကြားဖက်ခေါင်းအုံးကြီးလဲကာထားရသေးသည်။
" အချစ်ရေ~~~ "
ခြံထဲကတစ်စုံတစ်ယောက်ကိုတမ်းတခေါ်သည့်ဥပဓိမောင်အသံတစ်ခုကြောင့်ခွန်းရောင်ခြည်အိပ်နေရာကနေထထိုင်မိသည်။ဒီကောင်လေးဒီအချိန်ထိဘာတွေများလုပ်နေလို့မအိပ်သေးရတာတုန်း...
" ဟျောင့်ချစ်နိုင် ပေးစမ်းဂီတာ...တစ်ပုဒ်လောက်တီးစမ်းမယ်..."
ချစ်နိုင်အားစိတ်ထဲနေလို့မကောင်းဖူးဆိုပြီးခြံထဲမှာအရက်နည်းနည်းသောက်ရန်ဥပဓိမောင်ကအခန်းထဲကနေဆွဲခေါ်လာတာမို့ချစ်နိုင်တစ်ယောက်ပါလာလေသည်။မိန်းမကအရက်မသောက်ခိုင်းပေမဲ့သူ့မောင်ကသောက်ချင်သည်ဆိုတော့ခွင့်ပြုသည်။ဒါမျိုးတွေကြောင့်ယောက်ဖလေးကိုချစ်နေရတာ..
" အချစ်ကလျစ်လျူရှုထားတော့မောင်ကနာကျင်တာပေါ့လို့..."
" မဂ်လာဦးညမှာပူဆွေးနေတာမင်းဘဲရှိတယ်..."
" ပါးစပ်ပိတ်ထား...ဆိုတော့မယ်.."
" ဆို..."
ချစ်နိုင်အားဘောက်ဆတ်ဆတ်ပြောလို့လက်ချောင်းရှည်ရှည်တွေဟာဂီတာကြိုးအားထိတွေ့လို့စတင်တီးခတ်လေသည်။
" ချစ်တာကိုလေ ပြောပြ စမ်းချင်တယ်
ခင်ယုံကွယ် ကျိန်စာ မောင်ပြုပါ့မယ်
ကြိုက်တာကိုလေ ပြောပြ စမ်းချင်တယ်
ခင်ယုံကွယ် ကျိန်စာ မောင်ပြုပါ့မယ် "
ခြံထဲကဥပဓိမောင်ရဲ့သီချင်းဆိုသံလေးကြောင့်ခွန်းရောင်ခြည်ပြတင်းပေါက်ကနေထွက်ကြည့်မိသည်။သူကြည့်မိတော့သူ့ရှိတဲ့နေရာကိုမော့ကြည့်လာကာဥပဓိမောင်ကပြုံးပြလေသည်ကြောင့်အမြန်လေးလိုက်ကာနောက်ကိုပုန်းဝင်ကာခိုးကြည့်မိသည်။သူ့ကိုရည်ညွှန်းပြီးဆိုနေတာကို....
ဥပဓိမောင်ကတော့လူကသာမူးနေတာသူ့အားအပေါ်ထပ်ကအိပ်ခန်းပြတင်းပေါက်ကနေလှမ်းကြည့်နေသူကိုမြင်ရလေသည်။သူကြည့်လိုက်တော့ရှက်သွားသည်ထင်လိုက်ကာနောက်ကိုဝင်ပုန်းသွားတာကိုလဲသိသည်။ထိုလူသားဟာသူ့ရဲ့နှလုံးသားကိုအရည်ပျော်အောင်သိပ်လုပ်တာဘဲ...
YOU ARE READING
နှလုံးသားရဲ့ အထူးဧည့်သည် ( complete )
Fantasy( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့ကြောင့်တစ်စုံတစ်ရာ နာမည် နေရာ အရပ်ဒေသ ( စသည် )တူပါကတိုက်ဆိုင်မှု့လို့သာမှတ်ယူစေလိုပါသည်။