အပိုင်း၂၀

25.4K 1.5K 129
                                    

Uni

အခုတစ်လောပိုင်စေရာကိုမတွေ့တာတစ်ပတ်လောက်ရှိနေလေပြီ။ဥပဓိမောင်ကလဲအဲ့ဓားပြ ကိစ္စကြောင့်မအားလပ်တာကြောင့်ခွန်းရောင်ခြည်အတော်ပျင်းနေလေပြီ။ဧည့်ခန်းထဲမှာကလေးတွေကိုလက်ကောက်လုပ်နည်းသင်ပေးနေပေမဲ့စိတ်ကဟိုရောက်ဒီရောက်...

" ကိုကိုကြီးလှလားကြည့်ပေးပါအုံး..."

" ကိုကိုကြီး...ကိုကိုကြီး "

" ဟမ် ဘာ..ဘာပြောလိုက်တာလဲ.. "

ကလေးတွေခေါ်သံဆုံးမှအတွေးထဲကနေခုန်ထွက်လာကာမျက်လုံးပြူးလေးတွေဖြင့်မေးလာသူခွန်းရောင်ခြည်ကြောင့်ကလေးတွေခင်မျာနှုတ်ခမ်းတဆူဆူဖြင့်။ကိုကိုကြီးမပျော်တော့သူတို့မပျော်...

" ကိုကိုကြီးဘာတွေတွေးနေတာလဲဟင် နီနီတို့နဲ့ဆော့ရတာမပျော်လို့လား..."

" မဟုတ်တာကွယ်...သွားရေသွားချိုးကြတော့ပြီးရင်ကိုကိုကြီးမင်းတို့ဦးငယ်ကိုထမင်းဂျိုင့်လေးသွားပို့ရအုံးမယ်..."

" အင်းပါ...လာဒီးဒီးသွားမယ်..."

နီနီကဒီးဒီးလက်လေးအားဆွဲကာအပေါ်ထပ်တက်သွားသည်ကိုခွန်းရောင်ခြည်ငေးကြည့်မိသည်။ပြီးနောက်လက်ထဲကလက်ကောက်လေးကိုအမြန်ပြီးအောင်အပြီးသတ်မိသည်။

အမဲနဲ့အဖြူလေးစပ်ယှက်ထားတဲ့ရိုးရှင်းရှင်းလက်ကောက်လေးဟာကြည့်လိုက်တာနဲ့တကယ်လှသည်။ဒါလေးကိုတစ်ယောက်သောသူအားပေးရန်စိတ်ဖြင့်ခွန်းရောင်ခြည်သေချာလေးပြုလုပ်မိသည်။

" မြို့အုပ် ဒီနေ့အမှု့တစ်ခုဟိုဘက်ကမြို့မှာဖြစ်တယ်ဗျ..."

" ပြကြည့်စမ်းငါ့ကို..."

သတင်းစာထဲမှာသတင်းကိုတွေ့တွေ့ချင်းကျော်မိုးကချက်ချင်းအနားကိုပြေးလာကာပြလာတာမို့ဥပဓိမောင်စူးစမ်းမိသည်။အဆိုပါပြောကြားချက်တွေကိုသူတစ်သေတစ်ချာဖတ်မိသည်။

မြို့ရဲ့နောက်ဖက်ကလယ်မှာမိန်းကလေးတစ်ယောက်သေဆုံးနေခြင်း။သေဆုံးသည့်အကြောင်းပြချက်က နဖူးတည့်တည့်အားသေနတ်ပစ်ခံရခြင်း။ထိုအမျိုးသမီးနာမည်ကမယ်မျိုး...ထိုနာမည်ကိုကြည့်ကာဥပဓိမောင်မျက်မှောင်ကျုံ့မိသည်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now