Uni
အိမ်ပြန်ရောက်ရောက်ချင်းရေချိုးခန်းဝင်သွားသူကိုခွန်းရောင်ခြည်စကားပြောရန်အဝတ်တွေခေါက်ကာစောင့်နေမိသည်။ဒီကောင်လေးဆီမှာသူတစ်ခုခုဂျီကျချင်သည်။အတူနေလာတဲ့တစ်လျှောက်လုံးအဆင်ပြေသွားပြီးနောက်ပိုင်းသူဥပဓိမောင်ပေါ်ဆိုးချင်နွဲ့ချင်ဂျီကျချင်သည်။
ဒါဟာကလေးစိတ်ဖြစ်နေတာမဟုတ်ဘဲ ချစ်တဲ့စိတ်ကြောင့်ဖြစ်ပေါ်လာချင်းသာဖြစ်လိမ့်မည်။
" ဂျောက်..."
ရေချိုးခန်းတံခါးလေးပွင့်လာတာကိုခွန်းရောင်ခြည်လှည့်မကြည့်မိ။အဝတ်သာဆက်ခေါက်မိသည်။ဥပဓိမောင်ကတော့ဘာမှမပြော ရေချိုးခန်းမှာကတည်းကအဝတ်အစားတွေဝတ်လာတာမို့ချက်ချင်းလရောင်ထိုးကျတဲ့ခုံမှာသွားထိုင်ကာ သူ့အလုပ်သူလုပ်လေသည်။
ပြန်လာကတည်းကတစ်မျိုးကြီးဖြစ်နေတဲ့ဥပဓိမောင်ကိုခွန်းရောင်ခြည်ဂျီကျဖို့မဝံ့ရဲ။အဝတ်လေးတွေခေါက်ပြီးတိုင်ကုတင်ပေါ်မှာသာထိုင်ကာလက်ကလေးအချင်းချင်းပွတ်သပ်မိသည်။
လရောင်ထိုးကျတဲ့နေရာမို့စာရွက်စာတမ်းတွေစစ်နေရင်းဥပဓိမောင်ကခနခနမျက်မှောင်ကျုံ့ကျုံ့သွားတာကိုလဲသူသတိထားမိသည်။
" ဥ...ဥပဓိမောင်.."
" အင်း ပြောလေ "
အနားနားကိုသွားကာအသံပြုလိုက်တော့သူ့အားမော့တောင်မကြည့်လာဘဲဆိုလာတာကြောင့်လက်ကလေးတွေပွတ်မိသည်။
" ဟို....ဟို "
" ဟိုဟိုဒီဒီလုပ်နေစမ်းနဲ့မောင့်ခြည်...ပြောစရာရှိတာပြောနားထောင်နေပါတယ်..."
" ဟိုငါမင်းဆီမှာခွင့်တောင်းစရာတစ်ခုရှိတယ်..."
" ဘာများလဲ..."
" ဟိုဟာ...."
ခွန်းရောင်ခြည်ပြောဖို့အားယူမိသည်။သူဒါကိုပြောလိုက်လို့များဥပဓိမောင်စိတ်ဆိုးသွားမလားကိုသူတွေးမိသည်။
" ဟို...ငါ ပန်း.. ပန်းရောင်းချင်တယ်။ "
အရဲစွန့်စွာပြောလိုက်တော့သူရလိုက်တဲ့အရာဟာဥပဓိမောင်ဆီကသက်ပြင်းချသံတစ်ခု။သူအဲ့အရာကိုလုပ်ခွင့်ရဖို့ထပ်ပြောရမည်။
KAMU SEDANG MEMBACA
နှလုံးသားရဲ့ အထူးဧည့်သည် ( complete )
Fantasi( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့ကြောင့်တစ်စုံတစ်ရာ နာမည် နေရာ အရပ်ဒေသ ( စသည် )တူပါကတိုက်ဆိုင်မှု့လို့သာမှတ်ယူစေလိုပါသည်။