Uni
မြတ်ကျော်ကောဥပဓိမောင်ကောပျော်ပျော်ကြီးသောက်ဖို့ကြံရွယ်ခဲ့သော်လည်းသူတို့ဝိုင်းမှာဘာစကားမှမဆိုဘဲထိုင်ကာအရက်လာသောက်သူကြောင့်တိတ်ဆိတ်မိသည်။
" ပြောစရာရှိတာပြောကြ ငါ့ကိုအလေးမထားနဲ့..."
ခြံထဲကသစ်သားနဲ့လုပ်ထားတဲ့စားဝိုင်းမှာထိုင်ကာအရက်တစ်ပုလင်းလုံးတစ််ယောက်တည်းသောက်နေသူဟာမခံနိုင်တော့ပြောလာတဲ့အသံကတော့လေးတေးတေး။
" ဆက်မသောက်နဲ့တော့ အရမ်းမူးနေပြီမောင့်ခြည်..."
" ဖယ်စမ်းပါ ငါ့အသားကိုလာမထိနဲ့..."
ဒုတိယမြောက်အရက်ပုလင်းကိုဖွင့်ကာဖန်ခွက်လေးထဲထည့်နေသူကိုဟန့်တားလိုက်တော့ပြန်ပတ်သူကြောင့်ဥပဓိမောင်လွှတ်ထားပေးလိုက်သည်။သူနဲ့မြတ်ကျော်တော်တစ််ခွက်နှစ်ခွက်ဘဲဝင်သေးတာကိုခွန်းရောင်ခြည်ကတော့။
" မင်းယောကျာ်းလေးကအဆိုးလေးဘဲ..."
" သူစိတ်ကောက်နေတာ ညနေကငါသူ့စကားနားမထောင်မိတာကိုလေ..."
နှစ်ယောက်သားအရှေ့ကလူကြားသွားမှာဆိုးလို့အချင်းချင်းကြားရုံမျှသာပြောမိသည်။
" ဂုဏ်ယူတယ်ကွာ မင်းအရင်ဆုံးအချစ်ကိုထိတွေ့လိုက်တာ...ခံစားချက်ကဘယ်လိုတုန်းကွမျှဝေပါအုံး..."
" ဒီလိုပါဘဲကွာ ပျော်ရွှင်လိုက်နာကျင်လိုက်ပေါ့ အချစ်ဆိုတဲ့အရသာကဒီလိုဘဲမှတ်လား..."
" ဒါပေါ့ဒါပေါ့..."
ဥပဓိမောင်အပြောကိုမြတ်ကျော်ကအရက်တစ််ခွက်အားမော့ရင်းထောက်ခံလာလေသည်။
" သူကိုအရမ်းပိုင်ဆိုင်ချင်လွန်းလို့ ငါ့ခင်မျာလူယုတ်မာကြီးတောင်ဖြစ်ခဲ့ပါသေး...အချစ်ကရယူခြင်းမဟုတ်ပေမဲ့ လက်လျော့လိုက်ရင်တော့သူများဟာဖြစ်သွားမယ်ကွ ဟားဟားး "
" ဟုတ်တယ်သူငယ်ချင်း...ဘာဘဲဖြစ်ဖြစ် ဝမ်းသာပါတယ်ဒိလိုလေးဖြစ်သွားတာကို...ပြီးတော့မင်းယောကျာ်းကိုလဲချီးကျူးတယ်ကွာ...ဘယ်သူကြောင့်မှအရည်မပျော်ခဲ့တဲ့နှလုံးသားကိုအရည်ပျော်အောင်လုပ်နိုင်လို့လေ..."
YOU ARE READING
နှလုံးသားရဲ့ အထူးဧည့်သည် ( complete )
Fantasy( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့ကြောင့်တစ်စုံတစ်ရာ နာမည် နေရာ အရပ်ဒေသ ( စသည် )တူပါကတိုက်ဆိုင်မှု့လို့သာမှတ်ယူစေလိုပါသည်။