Uni
တစ်ညလုံးကျောပေးကာအိပ်နေသူဟာမနက်ကျတော့လဲဥပဓိမောင်မနိုးခင်အစောကြီးနိုးလို့ဟိုဘက်မြို့သွားရင်ဝတ်ရန်အဝတ်တစ်ချို့ကိုအိတ်ထဲထည့်ပေးလေသည်။
" မောင်နဲ့အတူတူလိုက်ခဲ့မယ်မှတ်လား ဟိုဘက်မြို့ကအငြိမ့်ပွဲတူတူသွားကြည့်ရအောင်.."
" အင်း.."
ကိုယ်ကသာစကားလုံးရေအများကြီးပြောနေတာချစ်ရသူကတော့အင်းတစ်လုံးသာပြောလို့ရေချိုးခန်းထဲဝင်သွားလေသည်။ဥပဓိမောင်ဘာလုပ်လို့လုပ်ပေးရမှန်းမသိတော့။သူ့ဘက်ကအစွမ်းကုန်ချော့ပေးတာတောင်ချစ်ရသူဟာမကျေလည်သေး။ကြည့်ရတာကာရခံရှင်ကိုဘဲရှင်းပြခိုင်းရတော့မည်။
" ရေချိုးတာကြာနေရော မောင့်ခြည်နေမကောင်းဖြစ်ကုန်တော့မှာဘဲ..."
" ရတယ်..."
" မောင့်ကိုကြည့်စမ်းမောင့်ခြည်..."
ရေစိုနေတဲ့ကိုယ်လေးအားဆွဲလှည့်ယူကာမေ့ဖျားလေးအားလက်ချောင်းတွေဖြင့်ဆွဲပင့်ယူလိုက်တော့နီရဲရဲမျက်လုံးတွေဖြင့်ဆိုက်ကြည့်လာလေသည်ကားရေချိုးခန်းထဲငိုထားသည့်ပုံ။
" ကိုယ့်ဘာသာနေစမ်းဥပဓိမောင်..."
" မောင့်ခြည်....မောင့်ခြည်မောင်ကိုကြည့်.."
" အ့ အား နာတယ် ဟင့် "
လက်ကနေဆွဲလိုက်တာမို့မနေ့ကမှလောလောလတ်လတ်ထိထားဆဲ့လက်ညိုးလေးအားထိမိသွားတာကြောင့်ချစ်ရသူဆီကငြီးတွားသံလေးအပြင်ရှိုက်သံလေးပါအပိုထွက်လာလေသည်။
" အရမ်းနာနေလားမောင့်ခြည် ဘာဖြစ်သလဲမောင့်ကိုပြော..."
" ဖယ်...အကျီဝတ်မလို့ "
" မောင်..."
" ဖယ်ဆိုနေတာမင်းနားမကြားဖူးလား..."
မျက်ရည်လေးတွေရစ်သိုင်းလို့ပြောလာသူကြောင့်ဥပဓိမောင်လွှတ်သာပေးလိုက်သည်။ဒီလူသားလေးဟာထိလိုက်တာနဲ့ပြိုကျတော့မဲ့လေထဲကတိုက်အိမ်လေးပမာ။
အကျီလေးဝတ်အပြီးသူ့လက်ကဒဏ်ရာလေးကိုကုတင်ပေါ်မှာထိုင်လို့ဆေးထည့်နေရှာသူလေးအားကြည့်ကာဥပဓိမောင်သက်ပြင်းချမိသည်။
YOU ARE READING
နှလုံးသားရဲ့ အထူးဧည့်သည် ( complete )
Fantasy( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့ကြောင့်တစ်စုံတစ်ရာ နာမည် နေရာ အရပ်ဒေသ ( စသည် )တူပါကတိုက်ဆိုင်မှု့လို့သာမှတ်ယူစေလိုပါသည်။