အပိုင်း၄

34.3K 2.4K 225
                                    

 Uni

  ဒီမနက်ခင်းဟာခွန်းရောင်ခြည်အတွက်ကံဆိုးမှု့တွေကိုများယူဆောင်လာသည်အလားကြောက်ရွံနေမိသည်။တစ်ညလုံးစဥ်းစားနေမိတာတောင်အဖြေဟာတစ်ခုတည်း...တကယ်လဲရွေးချယ်ဖို့လမ်းကတစ်ခုတည်းသာရှိလေသည်။

" ကျွန်တော်အမေတို့ရဲ့အိမ်လေးကိုရအောင်ပြန်ယူမှာ...အဲ့အတွက်ဘာဘဲပေးဆပ်ရပေးဆပ်ရ ကျွန်တော်လုပ်မှာ..."

   ခေါင်းတငြိမ့်ငြိမ့်နဲ့တစ်ယောက်တည်းပြောဆိုရင်းလက်ကဖောင်တိန်လေးအားကိုင်လို့စာချုပ်ရဲ့အောက်ဆုံးကလက်မှတ်ထိုးရန်ဆိုတဲ့နေရာလေးမှာလက်မှတ်ထိုးမိသည်။ဘယ်တက်နိုင်မလဲ ဒီလမ်းဘဲရှိသည်မှတ်လား။

   မနက်အစောကြီးအိမ်ကိုရောက်ချလာသူကိုခွန်းရောင်ခြည်အခုထိစကားမပြောမိ။ထိုလူဟာလဲသူ့ကိုဘာမှမပြောသေးဘဲသူ့အားစိုက်ကြည့်နေတာကြောင့်ထိုင်နေရင်းအနေခက်မိသည်။

" အထုတ်တွေပြင်...ကျုပ်နဲ့လိုက်ခဲ့.."

" မလိုက်ဘူး...ငါ့အိမ်မှာငါနေမယ်.."

" ဟ!!ရမလားဗျ ကျုပ်ကခင်များယောကျာ်းဖြစ်နေပြီကျုပ်အိမ်လိုက်နေဖို့ခင်များမှာတာဝန်ရှိတယ်..."

" ငါ့ဘက်ကမင်းကိုဘာမှမသက်မှတ်ထားဘူး...စာချုပ်မှာလက်မှတ်ထိုးပေးရုံနဲ့ငါမင်းကိုချစ်လာမယ်ထင်နေတာလား..."

  ခွန်းရောင်ခြည် အပြောကိုအေးစက်စက်သာနားထင်ကိုကုတ်၍ဖာသိဖာသာနေနေသူကြောင့်တကယ်ဒေါသထွက်လာလေသည်။

" ကျော်မိုးသူ့အခန်းထဲသွားသူ့အဝတ်အစား နည်းနည်းယူခဲ့..."

" မလိုက်ဘူးလို့ပြောနေတယ်လေဥပဓိမောင်မင်းမကြားဘူးလား..."

" မလိုက်ဘူးပေါ့...ကျော်မိုးသွားမယူနဲ့တော့ဓာတ်ဆီဖုံးသွားယူ...ပြီးရင်ခြံတစ်ပတ်ကိုလောင်း "

" မင်း..."

   တကယ့်ကိုခွန်းရောင်ခြည်ကိုဘယ်လိုအကျပ်ကိုင်ရမလဲဥပဓိမောင်သိနေလေသည်။တကယ်လုပ်မယ်ဆိုတာလဲသိ​တော့ခွန်းရောင်ခြည်တို့ဆက်ပြီးခေါင်းမမာနိုင်တော့..

" လိုက်မယ်မှတ်လား...လိမ်မာရဲ့သားနဲ့ဘာတွေဒီလောက်ဆိုးနေတာလဲ.."

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now