အပိုင်း၂၆

21.5K 1.3K 130
                                    

Uni

" ဒေါက်တာပေးခိုင်းလိုက်တာ ခင်များဖို့..."

ပိုင်စေရာရဲ့အလောင်းအားသက်ဆိုင်ရာကိုပို့ကာသဂြိုဟ်ဖို့နဲ့တစ်ခြားစီစဥ်စရာတွေကိုစီစဥ်နေကြချိန်သူရက လူမရှိတဲ့မြစ်ကမ်းလေးနားကိုခေါ်လာကာအိတ်လေးတစ်လုံးသူ့အားပေးလာလေသည်။

" ဒေါက်တာကခင်များကိုဆက်ဆက်ပေးဖို့ပြောလိုက်တာ...နောက်ဆုံးအချိန်ထိသူကခင်များအပေါ်မပျက်ကွက်ခဲ့ပါဘူး..."

သူရအပြောကိုခွန်းရောင်ခြည်ဘာမှပြန်မပြောဘဲအိတ်လေးအားဖွင့်ကြည့်လိုက်တော့အထဲမှာနွမ်းနယ်နေတဲ့ပိတောက်စည်းလေး။သူထိုအရာကိုထုတ်ယူကာကြည့်မိရင်းဝမ်းနည်းမိသည်။ပိုင်စေရာကနောက်ဆုံးအထိကတိတည်တယ်...သူ့ကိုနှစ်တိုင်းပိတောက်ခူးပေးမယ်ဆိုပြီးပြောခဲ့တာ...သူမသွားခင်တောင်ကတိတည်သွားလေသည်။

ပြီးတော့စာအိတ်လေးတစ်စောင်ပါရှိနေသေးတာမို့ခွန်းရာင်ခြည်ထိုစာအိတ်လေးကိုထုတ်ယူကာအထဲကစာလေးအားဖွင့်ဖောက်ဖတ်မိသည်။စာထဲတွင်တော့...

သို့...ချစ်ရတဲ့သူငယ်ချင်းလေးဆီ။

" ဒီစာကိုဖတ်နေချိန်ငါရှိချင်မှရှိနေမယ်...ပထမဆုံးအနေနဲ့ကျေးဇူးတင်ပါတယ် ငါ့အတွက်အကောင်းဆုံးသူငယ်ချင်းဖြစ်ပေးတဲ့အတွက်။

ဒုတိယအနေနဲ့တောင်းပန်ပါတယ်...မင်းနဲ့ဥပဓိမောင်ကြားကိုဝင်နှောင့်ဖို့မရည်ရွယ်ပါဘူး။ငါ့ဘက်ကစည်းဖောက်မိသလိုဖြစ်ခဲ့ရင်စိတ်ရင်းနဲ့တေင်းပန်ပါတယ်။

ချစ်မိတဲ့စိတ်ကိုဖုံးဖိပြီးသူငယ်ချင်းအဖြစ်နေရအောင်လဲရောဂါကြောင့်ငါမှာနေရဖို့အချိန်ကလဲရှိမနေပြန်...ငါတော်တော်ကံဆိုးသည့်လူဘဲ။

ဘာဘဲဖြစ်ဖြစ်နှုတ်ဆက်ပါတယ်နော် နောက်ဆုတ်ပေးရတဲ့အကြောင်းအရင်းကမင်းအပေါ်အပျော်သဘောနဲ့ချစ်ခဲ့လို့တော့မထင်ပါနဲ့။မင်းပျော်နေတာလေးမြင်ချင်လို့ပါ။

မင်းကိုချစ်တဲ့လူဆီမှာပျော်အောင်နေပါ။နောက်တစ်ခေါက်ငါတို့သူငယ်ချင်းအဖြစ်ထပ်တွေ့ကြမယ်။

နှလုံးသားရဲ့ အထူးဧည့်သည် ( complete ) Where stories live. Discover now