Uni
ဒီနေ့အိမ်မှာသာကူလုပ်စားရန်စီစဥ်ထားတာကြောင့်ခွန်းရောင်ခြည်နဲ့မကျော့မဒီနှစ်ယောက်သားစျေးထဲမှာလိုတာတွေဝယ်ရန်ထွက်လာလိုက်ကြသည်။
" ကစွန်းဥလေးများများထည့်ရမယ်ခွန်းရောင်ခြည်...အိမ်ကဟာတွေကအဲ့တာဘဲရွေးရွေးစားတာ ခေါင်းကြီးဥပဓိမောင်ကပိုဆိုး..."
မကျော့မဒီရဲ့အပြောကိုမနေနိုင်စွာခွန်းရောင်ခြည်ရယ်မိသည်။တကယ်ဥပဓိမောင်ကသိပ်ကလေးဆန်တာ...
ခွန်းရောင်ခြည်မကျော့မဒီနဲ့စျေးဝယ်နေရင်းနောက်ဘက်တစ်နေရာကနေသူ့အားလူတစ်ယောက်ကစိုက်ကြည့်နေသလိုခံစားရတာကြောင့်ခနခနလှည့်ကြည့်မိသည်။သို့ပေမဲ့ဘယ်သူ့ကိုမှမတွေ့ ကြည့်ရတာစိတ်ထင်လို့သာဖြစ်မည်။
နှစ်ယောက်သားစျေးလမ်းရဲ့လူကျပ်တဲ့နေရာထဲဝင်လာတာနဲ့သူ့နောက်ဘက်ကိုတစ်ယောက်ယောက်လိုက်လာသလိုခံစားနေရတာကြောင့်ခွန်းရောင်ခြည်မကျော့မဒီနဲ့အတူမသွားတော့ဘဲလမ်းလွှဲကာတစ်နေရာကိုခြေဦးလှည့်လိုက်ရသည်။
လူရှင်းတဲ့နေရာမှာခွန်းရောင်ခြည်ခြေလှမ်းရပ်လိုက်တာနဲ့နောက်ဘက်ကထွက်လာတဲ့ရယ်သံတစ်ခု။ထိုရယ်သံကိုရင်းနှီးနေတာကြောင့်ခွန်းရောင်ခြည်လှည့်ကြည့်မိတော့။
" ဒေါ်ကြီး..."
" အဟွန်းးး သိပ်ကိုမှသာယာနေသည်ပေါ့ အဒေါ်ဖြစ်သူတစ်ယောက်လုံးခွေးဖြစ်နွားဖြစ်နေနေရတာကိုတောင်မင်းကတော့အေးချမ်းနေသည်ပေါ့..."
အဒေါ်ဖြစ်သူစကားကိုခွန်းရောင်ခြည်နားမလည်နိုင်စွာမျက်မှောင်တွေစုကျုံ့မိသည်။
" ဘာကိုပြောနေတာလဲ..."
" မြို့အုပ်နဲ့ညားသွားတော့သိပ်တွေမှအာဏာတွေရှိနေသည်ပေါ့...မင်းကတော့အတည်ရည်ရွယ်နေတာ မြို့အုပ်ကတော့ မင်းကိုအပျော်ဘဲကြံသည်နေမယ်..."
" ဥပဓိမောင်ကကျွန်တော့်ကိုတကယ်ချစ်ပါတယ်ဒေါ်ကြီး..."
" အမလေး မြို့အုပ်ရဲ့နာမည်ကိုတောင်တပ်ခေါ်ရဲသည်ပေါ့...သူမင်းကိုအရုပ်တစ်ရုပ်လိုဘဲဆော့ကစားနေတာပါ...."
ŞİMDİ OKUDUĞUN
နှလုံးသားရဲ့ အထူးဧည့်သည် ( complete )
Fantastik( ဥပဓိမောင် + ခွန်းရောင်ခြည် ) မဖတ်ခင်အသိပေးစာကိုဖတ်ပေးပါရန်။ ဤအရေးအသားသည်စာရေးသူ၏စိတ်ကူးသက်သက်သာဖြစ်တာမို့ တိုက်ဆိုင်မှု့ကြောင့်တစ်စုံတစ်ရာ နာမည် နေရာ အရပ်ဒေသ ( စသည် )တူပါကတိုက်ဆိုင်မှု့လို့သာမှတ်ယူစေလိုပါသည်။