(Unicode)
နားထဲတိုးဝင်လာတဲ့ ငှက်ကလေးတွေရဲ့ ကျီကျီကျာကျာအသံလေးကြောင့် သူအိပ်ပျော်နေရာကနေ နိုးသွားခဲ့ရသည်...။ မျက်စိနှစ်လုံးကိုမဖွင့်ရသေးခင် အရင်ဆုံးအပျင်းဆန့်လိုက်ရင်း အားအင်ပြည့်ဝနေသလိုခံစားရတဲ့ ကိုယ်ခန္ဓာကြောင့် အသာအယာပြုံးလိုက်မိသေးသည်...။
မျက်စိကိုဖွင့်ကြည့်လိုက်မိတော့ အရင်ဆုံးမြင်ရတာက အပြာနုရောင်မျက်နှာကျက်...။ မဟုတ်သေးပါဘူး... ကိုယ့်အခန်းက အညိုနုနုလေးတွေနဲ့ချည်း အလှဆင်ထားတာလေ...။ ဘေးဘီဝဲယာကို လှည့်ကြည့်လိုက်တော့မှ ကိုယ်ရောက်နေတဲ့နေရာက ကိုယ့်အခန်းမဟုတ်ခဲ့မှန်း သတိထားမိသွားတယ်...။
"ဟမ်...!! ငါဘယ်သူ့အိမ်မှာ လာအိပ်မိတာပါလိမ့်"
၂ယောက်အိပ်မွေ့ယာကျယ်ကြီးက သူ့စိတ်တွေကို ပိုမိုရှုပ်ထွေးသွားစေတယ်...။ မနေ့ညက ဘာလုပ်ခဲ့လဲစဉ်းစားကြည့်တော့ အံ့သြစရာကောင်းစွာပင် ခေါင်းထဲမှာဗလာနတ္ထိဖြစ်နေခဲ့တယ်...။
အရက်သောက်တာများသွားလို့များလား...။ ဒါလည်း ဟုတ်မယ်မထင်...။ ဂျွန်ဂျောင်ကုဆိုတဲ့ကိုယ်က အထက်တန်းကျောင်းသားပဲရှိသေးသလို အရက်သောက်ခွင့်တောင် ရသေးတာမဟုတ်...။ စိတ်ရှုပ်စွာနဲ့ ဆံပင်တွေကိုထိုးဖွမိတဲ့အခါ အထိတ်တလန့်နဲ့ သတိထားမိသွားပြန်တာက သူ့ဆံပင်တွေ အတော်ရှည်နေပြီပဲဆိုတာပင်...။
ထို့နောက်မှာတော့ ထူးဆန်းလွန်းတဲ့အဖြစ်အပျက်ကို အတည်ပြုဖို့ရာအတွက် အိပ်ယာပေါ်ကနေ ကမန်းကတန်းဆင်းချလိုက်တော့ အရင်ဆုံးခံစားမိတာက နင်းထားတဲ့ခြေထောက်အောက်က မွှေးပွကော်ဇောတွေ...။
လူချမ်းသာတစ်ယောက်နေထိုင်တဲ့အခန်းရဲ့ အဆင်အယင်အပြည့်အစုံနဲ့မို့ ဂျောင်ကုနှုတ်ကနေ တအံ့တသြရေရွတ်သံလေး ထွက်လာမိတဲ့အထိပင်...။ သူအိပ်ပျော်သွားရာကနေ နေ့ချင်းညချင်း ဘဝပြောင်းသွားတာများလား...။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ...။
အခန်းထဲလှည့်ပတ်ကြည့်နေရင်းကနေ ကိုယ်လုံးပေါ်မှန်ချပ်ကိုတွေ့လိုက်ရတော့ အပြေးအလွှားသွားကြည့်မိသေးတယ်...။ မှန်ထဲမှာမြင်နေရတဲ့ ကိုယ့်မျက်နှာဟာ အထက်တန်းကျောင်းသားတစ်ယောက်နဲ့ကို တူမနေပါ...။
YOU ARE READING
Our Miracle (Completed)
Fanfictionကိုယ်တို့ရဲ့တွေ့ဆုံခြင်းက ကံကြမ္မာကြောင့်ပဲလား A KookJin Love Story by JaejoongHtike