Chapter - 11

491 57 7
                                    

(Unicode)

ညစာစားပြီး ဟိုတယ်ခန်းဆီသို့ပြန်လာတဲ့အခါမှာ ဂျောင်ကုက jacuzzi စိမ်ဖို့တောင်းဆိုလာတာကြောင့် ဆော့ဂျင်လည်း ပြင်ဆင်ပေးရတယ်...။ Jacuzzi ကန်လေးက လသာဆောင်ဘက်မှာမို့လို့ ဆွစ်ဇာလန်ရဲ့ညအလှကို ခံစားဖို့သင့်တော်လှတယ်...။

ခပ်နွေးနွေးရေကန်လေးထဲကို အတွင်းခံတစ်ထည်ပဲဝတ်ကာ ဂျောင်ကုဝင်စိမ်လိုက်တယ်...။ အပြင်ဘက်မှာက မီးတွေထိန်လင်းနေအောင် မထွန်းထားတာကြောင့် ခပ်ဝေးဝေးမှာမြင်နေရတဲ့ မီးရောင်မှိတ်တုပ်မှိတ်တုပ်နဲ့ ဆီးနှင်းလွှမ်းနေတဲ့အိမ်‌လေးတွေကို မြင်နေရတယ်...။ ဂျောင်ကုလည်း ကန်ဘောင်ကိုခေါင်းမှီထားရင်း အပန်းဖြေနေတုန်းမှာပင် ဆော့ဂျင်က ဝိုင်ပုလင်းကိုင်ကာ ရောက်လာခဲ့တယ်...။

"ဝိုင်သောက်မယ်မလား ကလေး"

"အင်း...သောက်မယ်"

ဆော့ဂျင်လည်း ဝိုင်နှစ်ခွက်ထည့်လိုက်ပြီး တစ်ခွက်ကို ဂျောင်ကုဆီသို့ကမ်းပေးလိုက်တယ်...။ ဂျောင်ကုလည်း ဝိုင်ကိုအရသာခံကာသောက်ရင်း ကန်ဘောင်မှာတင်ပါးလွှဲလာထိုင်နေတဲ့ ဆော့ဂျင်ကို မော့ကြည့်လိုက်တယ်...။

"ခင်ဗျားကရော ရေအတူမစိမ်ဘူးလား...??"

"ဘယ်လိုခေါ်လိုက်တာလဲ...??"

ဆော့ဂျင်ပြန်မေးလိုက်တော့ ဂျောင်ကုက မသိသလိုနဲ့မျက်နှာပြန်လွှဲသွားတယ်...။ ခုနကတော့ လူကြားထဲမှာ ကိုကိုလို့ခေါ်ပြီးအကဲပိုခဲ့ပေမယ့် နှစ်ယောက်တည်းအတူတူရှိနေချိန်ကျတော့ မခေါ်ရဲတော့သလိုပင်...။

"ဝိုင်က သောက်လို့ကောင်းသားပဲ... ထပ်ထည့်ပေးပါဦး"

သိသိသာသာစကားလမ်းကြောင်းလွှဲနေတဲ့ ဂျောင်ကုကြောင့် ဆော့ဂျင်လည်း သက်ပြင်းကိုသာအသာချလိုက်ပြီး ထိုင်နေရာမှထကာ အဝတ်အစားတွေချွတ်လိုက်တယ်...။ အင်္ကျီကိုချွတ်လိုက်တဲ့အခါပေါ်လာတဲ့ ပခုံးပြင်ကျယ်ကြီးနဲ့ ဝမ်းဗိုက်ကြွက်သားတွေကြောင့် ဂျောင်ကုသတိလက်လွတ် ငေးနေမိတယ်...။

"ကိုယ်လည်းရေအတူစိမ်လို့ရတယ်မလား"

ဆော့ဂျင်က သူ့ဘက်ကိုလှည့်ကာမေးလိုက်တော့ ဂျောင်ကုလည်း ခိုးကြည့်တာလူမိသွားတာကြောင့် ရှက်ကိုးရှက်ကန်းနဲ့မျက်နှာလွှဲရင်း ခေါင်းညိတ်ပြလိုက်တယ်...။ ဆော့ဂျင်ကလည်း ဂျောင်ကုနည်းတူ အ‌တွင်းခံတစ်ထည်တည်းသာ ချန်ထားလိုက်ပြီး ကန်ထဲဆင်းလာတာကြောင့် ဂျောင်ကုလည်း ဘေးကိုတိုးပေးလိုက်တယ်...။

Our Miracle (Completed)Where stories live. Discover now