Chapter - 15

732 51 9
                                    

(Unicode)

နေ့ရက်တွေက ခပ်မြန်မြန်ပဲ ကုန်ဆုံးသွားခဲ့တယ်...။ ဂျောင်ကုအဖို့‌တော့ သူ့ယောက်ျားဖြစ်သူဆော့ဂျင်ကို ပိုပြီးချစ်လာရတာပါပဲ...။ ချစ်ဆို ဆော့ဂျင်က အမြဲအလိုလိုက်ပေးတာကိုး...။

"ကိုကို...!!!"

"အင်း...ပြောလေ ကလေးရဲ့"

ဆော့ဂျင်ရဲ့အဝတ်မဲ့တဲ့ ရင်ဘက်ပေါ်ကို လက်ချောင်းတွေပြေးလွှားဆော့ကစားရင်း ဂျောင်ကုခေါ်လိုက်ခြင်းပင်...။ အနေအထားကတော့ နှစ်ယောက်သားချစ်ရည်လူးပြီးကာစမို့ အဝတ်မဲ့တဲ့ခန္ဓာကိုယ်တွေနဲ့ အိပ်ယာပေါ်လှဲလျောင်းရင်းပေါ့...။ ဂျောင်ကုရဲ့ခပ်ထွားထွားကိုယ်လုံးကို ဆော့ဂျင်က တယုတယပွေ့ပိုက်ထားလျက်နဲ့ပင်...။

"ကိုကိုအလုပ်ပါးတဲ့အခါကျရင် ခရီးထွက်ကြရအောင်နော်... ကျွန်တော် ပင်လယ်ကြီးဆီသွားချင်တယ်... ကိုရီးယားကမဟုတ်ဘဲ တခြားနိုင်ငံတစ်ခုခုကပေါ့"

"ဟုတ်ပြီ... ကိုယ်အလုပ်တွေပြီးပြတ်ရင် သွားကြမယ်လေ"

"အင်း...အဲ့ဒါကြောင့် ကိုကို့ ကိုအရမ်းချစ်"

"ဘာလဲ အလိုလိုက်ပေးလို့ချစ်တာလား...??"

"မဟုတ်ပါဘူး‌နော်... ဘယ်လိုနေနေ ကိုကို့ ကိုချစ်ပြီးသားပါ"

စကားတတ်လွန်းတဲ့ကလေးငယ်ကို ဆော့ဂျင်အသာငုံ့နမ်းလိုက်မိတယ်...။ ဂျောင်ကုရဲ့ပင်ကိုစရိုက်အရဆို ခုလိုချွဲနွဲ့တာမျိုး မလုပ်တတ်ပေမယ့် ကိုယ်နဲ့မှကလေးဆန်တဲ့ပုံစံလေး ထွက်ပေါ်လာတာမို့ ဆော့ဂျင်မှာ အချစ်ပိုရပြန်တယ်...။

"မနက်ဖြန်ရော အလုပ်ပိတ်ရက်ဆိုတော့ ဘာသွားချင်လဲ ကိုယ့်ကလေး...??"

"ဟင့်အင်း... ဘယ်မှမသွားတော့ဘူး... တစ်ပတ်လုံးအလုပ်လုပ်ထားရတာဆိုတော့ အိမ်မှာပဲကိုကိုနဲ့ အချိန်ကုန်တော့မယ်"

"ဟုတ်ပါပြီဗျာ... ခုတော့အိပ်တော့နော်"

"ဟုတ်ကဲ့ ကိုကို... Good Night...!!!"

"Good Night ကိုယ့်ရဲ့ကလေးလေး"

ချစ်သူနှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြပေမယ့် တစ်ဖက်မှာ မအေးချမ်းနိုင်သူတစ်ယောက် ရှိနေခဲ့တယ်...။

Our Miracle (Completed)Where stories live. Discover now