Chapter - 5

431 71 14
                                    

(Unicode)

ပိုပြီးလွတ်လွတ်လပ်လပ်နေရဖို့ ဂန်းနမ်ကွန်ဒိုဆီသို့ ပြောင်းကြရန် တိုင်ပင်ပြီးတဲ့နောက် ဂျောင်ကုနဲ့ဆော့ဂျင်လည်း အထုတ်အပိုးကိုယ်စီနဲ့ ပြောင်းရွှေ့ဖို့လုပ်ရတော့တယ်...။

"သားတို့အတွက် အကူတစ်ယောက်ထည့်ပေးလိုက်လေ... ချက်ပြုတ်ဖို့နဲ့ အိမ်ရှင်းဖို့ကျ သားတို့ဘယ်အဆင်ပြေပါ့မလဲ"

"ချက်ပြုတ်တာကိုစိတ်မပူပါနဲ့ အန်တီ... ကျွန်တော်တာဝန်ယူမှာမို့လို့ပါ... အိမ်ရှင်းတာကတော့ တစ်ပတ်တစ်ခါလောက်ပဲ အဒေါ်ကြီးကိုလွှတ်ပေးပါနော်"

ကိုယ်တိုင်က ဟင်းမချက်တတ်ပေမဲ့ ဆော့ဂျင်က တာဝန်ယူမယ်ဆိုတော့လည်း ဂျောင်ကုနှုတ်ဆိတ်နေလိုက်တယ်...။ သူနဲ့ကိုယ်ရဲ့အခြေအနေအရ ညှိနှိုင်းမှုတွေအများကြီးလိုသေးတာကြောင့် နှစ်ယောက်တည်းရှိတာက ပိုသင့်တော်မှာလေ...။

"အေးပါ... တစ်ခုခုလိုအပ်ရင် မေမေတို့ကိုပြောနော်... ပြီးတော့ သားဂျောင်ကုကလဲ သားရဲ့ကိုကိုအပေါ် အရမ်းမဆိုးနဲ့နော်"

မေမေ့နှုတ်ကနေပါ သားကိုကိုဆိုတဲ့အခေါ်အဝေါ်ကို ကြားလိုက်ရတာကြောင့် ဂျောင်ကုအတန်ငယ် ရှက်အမ်းအမ်းဖြစ်သွားရတယ်...။ အရင်တုန်းက ဂျောင်ကုတကယ်ပဲ သူ့ကို ကိုကိုလို့ ခေါ်ခဲ့တာပေါ့လေ...။

"ကလေးက လိမ္မာပါတယ် အန်တီရယ်"

ဆော့ဂျင်ကတော့ ငြိမ်သက်နေတဲ့ဂျောင်ကုကို ခေါင်းလေးပွတ်ပေးနေလိုက်တယ်...။ နှစ်ယောက်တည်းရှိနေရင် ဂျောင်ကုရဲ့ မေ့နေတဲ့မှတ်ဉာဏ်တွေ ပြန်ရရှိနိုင်လာမယ်လို့လည်း ယုံကြည်နေမိတယ်...။ ခုတလောလည်း ဂျောင်ကုဘက်က လိုက်လိုက်လျောလျောရှိနေတာကြောင့် ကျေနပ်မိတာတော့အမှန်ပင်...။

"ကဲ ကဲ... သွားကြတော့လေ... အရမ်းမိုးချုပ်နေဦးမယ်"

"ဟုတ်ကဲ့... ဒါဆိုကျွန်တော်တို့ သွားလိုက်ပါဦးမယ်နော်"

ထွက်ခွာသွားပြီဖြစ်တဲ့ သားနဲ့သားမက်ဖြစ်သူကိုကြည့်ပြီး မိဘ၂ပါးကတော့ ကြည်နူးစွာပြုံးနေကြတယ်...။ သူတို့ရဲ့ တစ်ဦးတည်းသောဂျောင်ကုကို ခုလိုလေး သာယာအေးချမ်းတဲ့အိမ်ထောင်သည်ဘဝမှာ မြင်ရတာက တကယ်ကျေနပ်စရာကောင်းလွန်းတယ်...။

Our Miracle (Completed)Where stories live. Discover now