(Unicode)
"ဒီနေရာဆိုတာသေချာရဲ့လား...??"
"ဟုတ်ပါတယ်ကွ... ငါသေချာမေးထားပါတယ်... ဒီကုမ္မဏီက Hyung အဖေပိုင်တာလေ... လောလောဆယ်မှာ Hyung လဲဒီမှာပဲ အလုပ်လုပ်နေတာ... တချိန်ကျရင် ကုမ္မဏီရဲ့ဆက်ခံသူနေရာကို Hyung ပဲရမှာလေ"
ခန့်ညားထည်ဝါသော ကုမ္မဏီကြီးကိုကြည့်ပြီး ဂျောင်ကုစိတ်အားငယ်ချင်လာတယ်...။ သူသဘောကျတဲ့သူက ခုလောက်ထိ ကြီးကျယ်ခမ်းနားတယ်တဲ့လား...။ အားငယ်စိတ်ဝင်မိပေမဲ့လည်း ချစ်တဲ့စိတ်က ပိုလာတာကြောင့် အံကိုကြိတ်ကာအားတင်းထားလိုက်တယ်...။
"ဟော ဟိုမှာ Hyung ထွက်လာပြီ"
ဆော့ဂျင်ဟာ ဖိုင်တွဲတချို့ကိုလက်ကကိုင်ထားရင်း အဆောင်အယောင်ကင်းစွာနဲ့ ကုမ္မဏီထဲက ထွက်လာလေတယ်...။ လက်ရှိမှာသူက အလုပ်တွေကိုသင်ယူနေဆဲမို့ ပပလွှားလွှားသိပ်မရှိခြင်းသာ...။ ကားကိုလည်း ကုမ္မဏီရဲ့မျက်နှာချင်းဆိုင်က ကားပါကင်မှာသာရပ်ထားတာကြောင့် ခပ်သုတ်သုတ်နဲ့ လမ်းကူးဖို့ပြင်နေလိုက်တယ်...။
"ကိုကို...!!!"
ရင်းနှီးနေတဲ့ခေါ်သံကြောင့် ဆော့ဂျင်မျက်မှောင်ကျုံ့မိသွားတယ်...။ သူဘယ်လောက်ပဲနှင်နှင် ဒီကောင်လေးဟာ ဟိုဆော့အားကိုးနဲ့ သူ့အနားကိုရောက်လာတတ်စမြဲ...။ ကွာခြားလွန်းတဲ့အသက်အရွယ်ကြောင့် သူခုလိုတွေပြုမူတိုင်း ကိုယ့်အပေါ်မလေးစားသလို ခံစားရစေတယ်...။ တော်တော်လေးလည်း စိတ်ရှုပ်ဖို့ကောင်းသည်ပဲ...။
"မင်းဘာလာလုပ်ပြန်တာလဲ ဂျွန်ဂျောင်ကု... ကျောင်းသားက ကျောင်းစာကိုစိတ်မဝင်စားဘဲ အမြဲတမ်းလတ်လျားလတ်လျားနဲ့"
ဆော့ဂျင်ရဲ့အပြောကြောင့် ဂျောင်ကုရဲ့မျက်နှာဟာ သိသိသာသာညှိုးကျသွားခဲ့တယ်...။ ဒါပေမဲ့လည်းခဏပါပဲ... ချက်ချင်းပင် ချစ်စဖွယ်အပြုံးလေးကိုပြုံးပြပြီး ဆော့ဂျင်ရဲ့လက်တစ်ဖက်ကို ဆုပ်ကိုင်လာခဲ့တယ်...။
"ကိုကိုကလဲ... ကျွန်တော်က ကိုကို့မျက်နှာကိုတွေ့ရဖို့ အဝေးကြီးကနေလာရတာကို ခုလိုကြီးနှင်မလွှတ်ပါနဲ့"
"ဒီမယ်...မင်းစိတ်ကစားတိုင်း လိုက်ပတ်သတ်နေရအောင် ငါက အချိန်အားမနေဘူး... မင်းအခုပြန်လိုက်တော့...!!!"
YOU ARE READING
Our Miracle (Completed)
Fanfictionကိုယ်တို့ရဲ့တွေ့ဆုံခြင်းက ကံကြမ္မာကြောင့်ပဲလား A KookJin Love Story by JaejoongHtike