Chapter - 2

466 76 25
                                    

(Unicode)

Incheon Airport သို့ လေယာဉ်ဆိုက်ရောက်သွားတာနဲ့ ဂျောင်ကုလည်း ပျင်းရိစွာထိုင်နေရာကနေ အရင်ဆုံးအကြောဆန့်လိုက်သည်...။ လေယာဉ်အကြာကြီး စီးလိုက်ရတဲ့အတွက် လူကနုံးချိချိဖြစ်နေပြီ...။ ဒါတောင် ဟိုလူ ကင်မ်ဆော့ဂျင်က VIP class ကိုစီစဉ်ပေးထားလို့ သက်တောင့်သက်သာဖြစ်နေတာ...။

ကျောပိုးအိတ်တစ်လုံးနဲ့သာ လာခဲ့သူမို့ ခုလည်းအေး‌ရာအေးကြောင်းပင် လေယာဉ်ပေါ်က‌ ဆင်းလာလိုက်တယ်...။ ဟိုလူပြောပုံအရတော့ လေဆိပ်မှာ ဂျောင်ကုရဲ့မိဘတွေ လာကြိုပေးလိမ့်မယ်တဲ့လေ...။ မကြိုပေးလည်း ကိစ္စတော့မရှိပါ...။ ကိုရီးယားက ကိုယ့်အမိမြေမို့ ဂျောင်ကုဘာသာ သွားလာတတ်ပါတယ်...။

VIP class မို့ သာမန်ထက်ပိုမြန်တဲ့ စစ်ဆေးမှုတွေအပြီးမှာ ဂျောင်ကုလည်း Arrival hall သို့အချိန်ခဏလေးနဲ့ ရောက်ရှိသွားခဲ့တယ်...။ ဒီလိုကျတော့လည်း ဟိုလူက မဆိုးလှပေ...။ စောင့်ဆိုင်းရတာကိုမကြိုက်တဲ့ ဂျောင်ကုအတွက်ကတော့ တော်‌တော်လေးအဆင်ပြေလှသည်...။

"သား ဂျောင်ကု ဖေဖေတို့ဒီမှာ...!!!"

ရှေ့ဆုံးနားမှာ ရပ်စောင့်နေတဲ့ မိဘ၂ပါးကိုတွေ့တာနဲ့ ဂျောင်ကုလည်း ဝမ်းသာအားရပြေးသွားကာ ပွေ့ဖက်လိုက်တော့သည်...။ အတိတ်မေ့နေတဲ့အတောအတွင်းမှာ ဂျောင်ကုရဲ့မိဘတွေလည်း အရွယ်တစ်ခုရသွားခဲ့ပြီပဲ...။ ဒါပေမဲ့လည်း စိတ်ချမ်းသာနေကြပုံကြောင့် အသားအရည်ကအစ ကြည်လင်နေကြတာမို့ လူချမ်းသာတွေရဲ့ အရှိန်အဝါတမျိုးပင် တောက်ပနေသ‌ယောင်...။

"ဖေဖေနဲ့မေမေ ဒီနှစ်တွေမှာ အဆင်ပြေကြတယ်မလားဟင်... သားက ဘာမှမမှတ်မိတဲ့အပြင် အဝေးကိုထွက်သွားမိလို့ တောင်းပန်ပါတယ်နော်"

"သားရယ် အိမ်ထောင်ရက်သားကျသွားရင် မိဘနဲ့ခွဲနေရတာ သဘာဝပဲကို... ဖေဖေတို့က အဆင်ပြေပါတယ်ကွာ"

သုံးယောက်သား စကားတပြောပြောနဲ့ ကားပါကင်သို့ဆင်းလာကြပြီးနောက် Mr. Jeon က လက်ထဲမှကားသော့ကို ခလုပ်နှိပ်လိုက်တဲ့အခါ နောက်ဆုံးပေါ် BMW ကားကြီးက မီးတစ်ချက်ပွင့်လာတာကြောင့် ဂျောင်ကုအံ့ဩသွားရတယ်...။ သူတို့မိသားစုဟာ သာမန်လူလတ်တန်းစားမို့ တစ်ပတ်နွမ်းကားတစ်စီးကိုသာ ပိုင်ဆိုင်ထားခဲ့ကြတာမလား...။ အခုကျတော့ ကားအကောင်းစားကြီးပါ စီးနိုင်တဲ့အထိ ချမ်းသာလာကြတာပဲ...။

Our Miracle (Completed)Where stories live. Discover now