(Unicode)
အခုဆိုရင် ဆော့ဂျင်က ဆိုးလ်မှာရှိတဲ့သူ့ကုမ္မဏီမှာ အလုပ်ပြန်စဆင်းနေရပြီဖြစ်တယ်...။ အရင်ကတော့ ယုံကြည်ရတဲ့သူတချို့နဲ့ လွှဲထားခဲ့ပေမဲ့ ဂျောင်ကုက ဒီမှာပဲနေချင်တယ်ဆိုတာကြောင့် ကုမ္မဏီကို ဆော့ဂျင်ကိုယ်တိုင်ပြန်ဦးစီးပြီး လုပ်ငန်းသစ်တွေ ချဲ့ထွင်ဖို့အတွက်ပါ လုံးပန်းနေခဲ့တယ်...။
ဒါကို ဂျောင်ကုက သိပ်တော့မကျေနပ်ပါ...။ ဘာလို့လဲဆို ဆော့ဂျင်အလုပ်သွားပြီဆို သူတစ်ယောက်တည်း အိမ်မှာကျန်ခဲ့တာကိုး...။ သူငယ်ချင်းတွေနဲ့ လျှောက်လည်ရအောင်ကလည်း သူတို့ကပါ အလုပ်ကိုယ်စီနဲ့မို့ အဆင်မပြေပေ...။
ခုလည်း အလုပ်သွားဖို့ပြင်ဆင်နေတဲ့ ဆော့ဂျင်ကိုသာ မှုန်ကုပ်ကုပ်နဲ့ စိုက်ကြည့်နေလိုက်တယ်...။ နေပါဦး... ဒီလူက သူ့ကိုယ်သူအိမ်ထောင်သည်ဆိုတာ မေ့နေတာများလား...။ နဂိုချောပြီးသားရုပ်ကို ပိုကြည့်ကောင်းအောင် ပြင်ဆင်နေလိုက်တာများ...။
"ကလေးရေ... ကိုယ်အလုပ်သွားပြီနော်... မနက်စာပြင်ပေးခဲ့တယ်... နေ့လည်စာကတော့ အဒေါ်ကြီးလာချက်ပေးလိမ့်မယ်"
"အဒေါ်ကြီးချက်တာ မစားချင်ဘူး...!!!"
ဂျောင်ကုရဲ့ခပ်ဆောင့်ဆောင့် ထွက်ပေါ်လာတဲ့အသံကြောင့် ဆော့ဂျင်က ခပ်ဟဟရယ်မောလေရဲ့...။ ပြီးတော့မှ အိပ်ယာနိုးကာစဂျောင်ကုရဲ့ ဆံပင်တွေကို အတန်ငယ်သေသပ်စေရန် လက်နဲ့သပ်တင်ပေးနေပြန်တယ်...။
"ပိတ်ရက်ရောက်ရင်တော့ ကိုယ်ချက်ကျွေးမှာပေါ့... အဒေါ်ကြီးချက်တာလဲ ကောင်းပါတယ်... အရင်ကလဲ စားနေကျပဲမဟုတ်ဘူးလား"
"အရင်ကတော့ စားနေကျပေမဲ့ ယောင်္ကျားရရင် ယောင်္ကျားချက်တာပဲ စားချင်တာကို"
"အဟား... ယောင်္ကျားတဲ့လားကွာ...!!!"
သူက သဘောတကျရယ်မောနေပေမဲ့ ဂျောင်ကုကတော့ စိတ်ထဲမှာသိပ်မကျေနပ်ချင်...။ ကင်မ်ဆော့ဂျင်က အလျော့ပေးတတ်မှန်းသိနေတော့ ပိုပြီးဆိုးချင်တာသဘာဝပဲလေ...။ ပြီးတော့ ဒီလူကို ကိုယ့်ဘက်ကအရင် စကြိုက်ရတယ်ဆိုတာကို နည်းနည်းလေးမှမကျေနပ်ပါ...။ ကိုယ်က စကြိုက်တယ်ဆိုရင်တောင် ခုချိန်မှာတော့ သူကကိုယ့်ထက် ပိုချစ်ရတဲ့သူပဲ ဖြစ်စေချင်မိတယ်...။
YOU ARE READING
Our Miracle (Completed)
Fanfictionကိုယ်တို့ရဲ့တွေ့ဆုံခြင်းက ကံကြမ္မာကြောင့်ပဲလား A KookJin Love Story by JaejoongHtike