(Unicode)
ဆိုင်ထဲမှာ ဈေးဝယ်သူတွေနဲ့ ရယ်ရယ်မောမောစကားပြောနေတဲ့ ဂျောင်ကုကိုငေးကြည့်ရင်းနဲ့ ဆော့ဂျင်သက်ပြင်းချမိတယ်...။ သူခုလိုအဝေးကနေပဲ စောင့်ကြည့်နေခဲ့တာ တစ်ပတ်လောက်ရှိနေပြီ...။ ဂျောင်ကုဘက်က လက်မခံသေးတာကြောင့် လူချင်းတော့မတွေ့ရသေးပေ...။
ဆော့ဂျင်ရဲ့အမေလည်း ဆိုးလ်ကိုရောက်ရှိနေပြီဖြစ်ပေမယ့် ဂျောင်ကုနဲ့တွေ့ခွင့်မရသေးတာကြောင့် ခေါ်မသွားဖြစ်ပါ...။ ကိုယ့်ဘက်က သေချာရှင်းပြရင် ဂျောင်ကုနားလည်မှာကိုသိပေမယ့် အဲ့လိုရှင်းပြဖို့အတွက် အခွင့်အရေးမရသေးပါ...။
ဆော့ဂျင်လည်း သက်ပြင်းတစ်ချက်ချပြီးမှ လက်ပတ်နာရီကိုကြည့်လိုက်တဲ့အခါ အစည်းအဝေးအတွက် ချိန်းထားတဲ့အချိန်ကို ရောက်လုနီးပါးဖြစ်နေပြီမို့ ကားလေးကိုမောင်းထွက်လာလိုက်တော့တယ်...။ ဂျောင်ကုဘက်က ပြန်ဆက်သွယ်လာမဲ့နေ့ကို စိတ်ရှည်လက်ရှည် စောင့်ရဦးမှာပေါ့...။
ဆော့ဂျင်ရဲ့ကားလေးထွက်သွားပြီး သိပ်မကြာခင်မှာပင် နောက်ထပ်ကားအကောင်းစားတစ်စီးက ဆိုင်ရှေ့တည့်တည့်မှာ ရပ်တန့်သွားလေတယ်...။ ကားပေါ်က ဆင်းလာတဲ့သူကတော့ ချောမောကြည့်ကောင်းလှတဲ့ အမျိုးသမီးတစ်ယောက်ပေါ့...။ သူမက လက်ကိုင်အိတ်ကိုဟန်ပါပါကိုင်ကာ ဆိုင်ထဲသို့တစ်လှမ်းချင်း ဝင်ရောက်သွားတော့တယ်...။
ဆိုင်တံခါးကိုတွန်းဖွင့်ဝင်လိုက်တာကြောင့် ဆိုင်အဝင်ပေါက်မှာချိတ်ထားတဲ့ ခေါင်းလောင်းလေးက အသံမြည်သွားခဲ့တယ်...။ ထိုအခါ ဆိုင်ထဲမှာအဝတ်တွေချိတ်နေတဲ့ ဂျောင်ကုက ကပျာကယာလေးလှည့်ကာ နှုတ်ဆက်လိုက်လေတယ်...။
"ကြိုဆိုပါတယ်... ဟင်...??"
တွေ့လိုက်ရတဲ့အမျိုးသမီးကို ဂျောင်ကုတခဏမျှတော့ ကြောင်ငေးနေမိပြီးမှ အသံခပ်တိုးတိုးလေးနဲ့ ဂါရဝပြုလိုက်တယ်...။
"မတွေ့တာကြာပြီနော် အမေ... နေကောင်းပါရဲ့လား"
ဂျောင်ကုရဲ့နှုတ်ဆက်စကားကြောင့် သူမကအတန်ငယ်ပြုံးလိုက်တယ်...။ ဒီကောင်လေးက အခုထိ သူမကိုကြောက်နေတဲ့ဟန်လေး ရှိနေသေးတာပဲ...။ အပေါ်ယံအမြင်နဲ့ကြည့်ရင် ဂျောင်ကုက ခပ်ဟော့ဟော့ကောင်လေး ဖြစ်ပေမယ့်လည်း မိဘရဲ့ဆုံးမသွန်သင်မှုကြောင့် မရိုင်းစိုင်းတတ်တဲ့ကောင်လေးပါ...။
STAI LEGGENDO
Our Miracle (Completed)
Fanfictionကိုယ်တို့ရဲ့တွေ့ဆုံခြင်းက ကံကြမ္မာကြောင့်ပဲလား A KookJin Love Story by JaejoongHtike