(Unicode)
ပြတင်းပေါက်နားမှာရပ်ကာ ဖုန်းပြောနေတဲ့ ဆော့ဂျင်ရဲ့ပုံစံက တော်ဝောာ်လေးစိတ်ရှုပ်နေဟန်တူတယ်...။ ဒီနေ့ဆို ဂျောင်ကုထွက်သွားတာ ၃ရက်ပြည့်ပြီမို့ စိတ်ပူနေရပြီလေ...။
"ဘာကိစ္စပဲရှိနေနေ ထားပစ်ခဲ့ပြီးလာပေးဖို့ တောင်းဆိုပါတယ်အမေ... ဒီကိစ္စမှာ အမေ့ရဲ့စနက်လည်းမကင်းဘူးဆိုတာ သိတယ်မဟုတ်လား...??"
((ငါကလည်း မြေးလိုချင်လို့ပြောမိတာကို... မင်းတို့လည်း ကွဲမှမကွဲကြတာ))
"အခုက ကွဲမလိုအခြေအနေဖြစ်နေပြီ အမေရဲ့... တောင်းပန်ပါတယ်ဗျာ... ဒီကိုလာပြီး ဂျောင်ကုကိုအတူရှင်းပြရအောင်ပါ"
ဆော့ဂျင်ရဲ့တဖွဖွတောင်းဆိုမှုကြောင့် သူ့အမေလည်း တခဏတော့စဉ်းစားသွားတယ်...။ သူမက ဆော့ဂျင်ကို ယောင်္ကျားလေးတစ်ယောက်နဲ့လက်ထပ်မှာကို ဘယ်တုန်းကမှသဘောမတူခဲ့သူပါ...။
ပထမကတော့ သူ့အဖေရဲ့မိတ်ဆွေတစ်ယောက်ရဲ့ သားဖြစ်သူ မင်ယွန်းဂီနဲ့...။ သဘောမတူချင်ပေမယ့် မင်ယွန်းဂီတို့ဘက်က နောက်ခံအင်အားတောင့်တင်းတာကြောင့် မပြောသာဘဲလက်ခံခဲ့တယ်...။ နောက်တော့ တကယ်တမ်းလက်ထပ်တော့ သူ့ထက်အများကြီးငယ်တဲ့အပြင် ဘာပိုင်ဆိုင်မှုမှမရှိတဲ့ ဂျွန်ဂျောင်ကုဆိုတဲ့ ကျောင်းသားလေးနဲ့....။
ဆော့ဂျင်ရဲ့အဖေကတော့ သူ့သားဘယ်သူနဲ့ယူယူ အဆင်ပြေပေမယ့် သူမကတော့ ဆော့ဂျင်တို့လက်ထပ်ပြီးကတည်းက အကဲခတ်ချင်လို့ သူတို့အိမ်မှာခဏသွားတည်းခဲ့တယ်...။ ဂျောင်ကုက ငယ်သေးတဲ့အပြင် အိမ်မှာအလိုလိုက်ခံထားရတဲ့ကလေးမို့ အိမ်မှုကိစ္စလည်းမလုပ်တတ်ပေ...။ ဒါကြောင့်သူမနဲ့ ဂျောင်ကုရဲ့ကြားမှာ မကျေလည်တာလေးတွေရှိခဲ့တယ်...။
ဒါပေမယ့် သားဖြစ်သူဆော့ဂျင်က ဂျောင်ကုရှေ့ကနေ ကာကွယ်လွန်းတာကြောင့် သားနဲ့ပါ ကတောက်ကဆဖြစ်ပြီး သူမ ပြန်လာခဲ့ရတယ်...။ ထိုမကျေနပ်ချက်တွေက သားဖြစ်သူရဲ့အတွင်းရေးမှူးက သားရဲ့ကိုယ်ဝန်လွယ်ထားရတာကို သိသွားတဲ့အခါမှာ ပိုဆိုးလာတော့တယ်...။
ဂျောင်ကုနဲ့ကွာရှင်းဖို့အတွက် ဖိအားတွေပေးမိရာကနေ သူတို့အချင်းချင်း စကားများရန်ဖြစ်ကြပြီး ဂျောင်ကုက လှေကားပေါ်ကပြုတ်ကျခဲ့တယ်...။ ၂ရက်လောက် သတိလစ်နေတဲ့ဂျောင်ကုကို ဆရာဝန်တွေက အရင်ကအတိတ်မေ့ဖူးသူမို့ သူ့အရင်မှတ်ဉာဏ်တွေပြန်ရသွားပြီး လက်ရှိအခြေအနေကို မေ့သွားနိုင်တယ်လို့ပြောကြတယ်...။
YOU ARE READING
Our Miracle (Completed)
Fanfictionကိုယ်တို့ရဲ့တွေ့ဆုံခြင်းက ကံကြမ္မာကြောင့်ပဲလား A KookJin Love Story by JaejoongHtike