Chapter - 10

725 66 15
                                    

(Unicode)

"တောက်...!!! ဒါက ဘယ်လိုဖြစ်ရတာလဲ... ဒီလောက်အရေးကြီးတဲ့အစည်းအဝေးသွားမှာကို ငါ့ကိုမခေါ်ဘဲ ဘာမဟုတ်တဲ့ကောင်ကို ခေါ်တယ်ပေါ့လေ"

အတွင်းရေးမှူးဆိုမင်းတစ်ယောက် ဆွစ်ဇာလန်နိုင်ငံမှာ သွားတက်ရမယ့်အစည်းအဝေးကို သူမ လိုက်ရမယ်ထင်ခဲ့ပေမယ့် CEO က သူမအစား ဂျောင်ကုကိုသာခေါ်သွားတာကြောင့် မခံမရပ်နိုင်ဖြစ်နေခဲ့တယ်...။ ဒီခရီးစဉ်ကို သူမ ဘယ်လောက်တောင်မျှော်လင့်နေရသလဲ...။

"ဒီဂျွန်ဂျောင်ကုက CEO နဲ့ဘယ်လိုတော်စပ်နေလို့လဲ... CEO က သူ့ကိုပဲအမြဲအရေးပေးနေတာ... အလုပ်သင်တစ်ယောက်က မတန်မရာနေရာရနေတာ"

သူမအနေနဲ့ ဒေါသထွက်ရုံမှအပ ဘာမှလုပ်လို့မရပေ...။ လုပ်ကြံရအောင်ကလည်း သူက သူ့ဌာနမှာမဟုတ်ရင် CEO ရဲ့ဘေးမှာ အချိန်ပြည့်လိုလိုရှိနေတာလေ...။ ကုမ္မဏီထဲမှာပဲ လုပ်ကြံဖို့ကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ...။

"ဟုတ်ပြီ... သူ့နောက်ကြောင်းကိုစုံစမ်းရမယ်"

သူမချက်ချင်းပင် HR ဌာနကို ဖုန်းဆက်မေးလိုက်တယ်...။ ဝန်ထမ်းတစ်‌ယောက်ရဲ့အတွင်းရေးကို မေးချင်သလိုမေးလို့မရတာကြောင့် CEO နဲ့ပြည်ပကိုအတူသွားရမှာမို့ မေးထားတာပါလို့ အကြောင်းပြချက်ပေးလိုက်ရသေးတယ်...။

((ဆောရီးပါ... အလုပ်သင်ဂျွန်ဂျောင်ကုရဲ့ ကိုယ်ရေးအကျဉ်းက ဒီမှာမရှိပါဘူး... သူက အလုပ်ဝင်လျှောက်တာမဟုတ်ဘဲ ဒီတိုင်း CEO က တစ်ခါတည်းတန်းခန့်လိုက်တာပါ... အဲ့ဒါကြောင့် ဘာ CV form မှမရှိပါဘူး))

ကြားလိုက်ရတဲ့စကားကြောင့် ဆိုမင်းမှာ သွေးတက်ပြီးရင်းတက်နေရတယ်...။ အလုပ်သာလုပ်နေတာ CV form တောင် မရှိဘူးဆိုပဲ...။ ထိုအခါမှ သူ့ဆီမှာဝန်ထမ်းကဒ်လည်း ရှိမနေတာကို သတိထားမိသွားပြန်တယ်...။ အလုပ်ဝင်တိုင်း ဝန်ထမ်းအားလုံး scan ဖတ်ရပေမယ့် သူကတော့ CEO နဲ့အတူတူလာတာမို့ ဘယ်သူကမှမစစ်ဆေးကြတာလေ...။

"ဟား... ဒါက ဘယ်လိုပတ်သတ်မှုကြီးလဲ...?? ဘယ်ဆွေမျိုးကို ခုလောက်ထိအထူးအခွင့်အရေး ပေးမှာမို့လို့လဲ...??"

သူမ တော်တော်လေးစဉ်းစားရကြပ်နေပါပြီ...။ ဂျွန်ဂျောင်ကုဟာ ပဟေဠိဆန်တဲ့လူသားတစ်ယောက် ဖြစ်နေခဲ့တာပဲ...။ သူနဲ့ပတ်သတ်တာဆို နာမည်ကလွဲပြီး ဘာမှမသိရဘူးလေ...။ ယုတ်ဆွအဆုံး ဘယ်တက္ကသိုလ်ကနေ ဘွဲ့ရတာလဲဆိုတာတောင်မသိရ...။

Our Miracle (Completed)Where stories live. Discover now