Chapter - 4

464 80 13
                                    

(Unicode)

"အဲ့ဒီတော့ မင်းက လက်ထပ်ပြီးသားပေါ့လေ"

အွန်ဝူးရဲ့သေချာအောင်ထပ်မေးလာတဲ့စကားကို ဂျောင်ကုလည်း ခေါင်းညိတ်ပြီးသာ အဖြေပေးလိုက်တယ်...။ အတွေးထဲမှာလည်း မနက်က သူနဲ့အတူမလိုက်ခဲ့ရလို့ မျက်နှာမကောင်းဘဲကျန်ခဲ့တဲ့ ကင်မ်ဆော့ဂျင်ကို ပြန်မြင်ယောင်ရင်းပေါ့...။

"တကယ်လို့များ ဂျီမင်းကသာ မင်းကိုလက်ခံခဲ့မယ်ဆိုရင် ဘယ်လိုလုပ်မလဲ... ‌မင်းက မင်းရဲ့အိမ်ထောင်ရေးကို အပျက်စီးခံမလို့လား"

"ငါမပြောတတ်ဘူး အွန်ဝူး... ငါဘာမှမသိလိုက်ရဘဲ အိမ်ထောင်သည်တစ်ယောက်ဖြစ်လာတာကို ငါဘယ်လိုမှ လက်မခံနိုင်ဘူးဖြစ်နေတာ"

ထိုအခါ အွန်ဝူးသည်လည်း တွေးတွေးဆဆလေး ဖြစ်သွားတယ်...။ သူ့အနေနဲ့ အချစ်ရေးမှာခုထက်ထိအတည်တကျမဖြစ်သေးသည့်တိုင် သူငယ်ချင်းတွေအတွက်တော့ အမြဲအကြံပေးနေကျပဲလေ...။

"ဒါနဲ့... မင်းတို့က တစ်ယောက်ကိုတစ်ယောက် မချစ်ကြဘဲယူထားကြတာလား"

"အင်းလေ... သူလိုအရမ်းချမ်းသာတဲ့သူက ငါလိုသာမန်လူတစ်ယောက်ကို ငွေနဲ့သိမ်းလိုက်တယ်ဆိုတာ သိသာနေတာပဲ"

"မင်း ကိုယ့်ဘာသာ ကောက်ချက်ချလိုက်တာလား...?? သေချာအောင် မေးကြည့်ဖူးလို့လား...??"

အွန်ဝူးရဲ့ချက်ကျလက်ကျမေးခွန်းမှာ ဂျောင်ကုတစ်ချက် တွေဝေသွားခဲ့တယ်...။ ဒါပေမဲ့ ခဏပါပဲ...။ ‌ဂျွန်ဂျောင်ကုဆိုတာ ငယ်ငယ်တည်းက ဉာဏ်ကောင်းပြီးသားမို့ ဒီလိုကိစ္စတွေကို မေးကြည့်နေစရာမလိုဘဲ တွေးကြည့်တာနဲ့တင် ခန့်မှန်းနိုင်ပြီးသား...။

"မေးစရာမလိုပါဘူး... မေးတော့ရော ငါ့မိဘတွေက ပိုက်ဆံအတွက်နဲ့ငါ့ကို အဲ့လူလက်ထဲထည့်လိုက်ရတာကို ဝမ်းပန်းတသာနဲ့ ပြောကြမယ်ထင်လို့လား"

"မဟုတ်သေးဘူးလေ.... ငါဆိုလိုတာ....."

"တော်တော့ အွန်ဝူးရာ... ငါစိတ်အပန်းဖြေချင်လို့ မင်းဆီကိုလာတာလေ... ငါ့ကိုသူ့အကြောင်း မပြောနဲ့တော့"

"အာ... ငါအခုပဲ မင်းကိုပြောတော့မလို့ကွ... နောက်ဆိုရင် မင်းနဲ့ငါ ခဏခဏတွေ့လို့မရတော့ဘူး... ငါအလုပ်ဝင်တော့မယ်"

Our Miracle (Completed)Where stories live. Discover now