Chapter - 14

514 58 12
                                    

(Unicode)

အတွင်းရေးမှူးဆိုမင်းကြောင့် ဂျောင်ကုနဲ့ဆော့ဂျင်ရဲ့ပတ်သတ်မှုကို ကုမ္မဏီတစ်ခုလုံးသိနေကြလေပြီ...။ သူတို့နှစ်ယောက်ကတော့ အရင်လိုပဲဆိုပေမယ့် ဂျောင်ကုကတော့ ဝန်ထမ်းတွေရဲ့ကြောက်ရွံ့လေးစားခြင်းကို သိသိသာသာရရှိသွားခဲ့တယ်...။

"ဌာနမှူးချွဲ ဘာလို့အလေးကြီးတွေသယ်နေတာလဲ... ကျွန်တော့်ကိုပေးလေ"

"အာ..ရ..ရပါတယ် သူဌေးလေးရဲ့"

"မဟုတ်တာ... အဲ့လိုကြီးမခေါ်ပါနဲ့... အရင်လိုပဲ ဂျောင်ကုလို့ခေါ်ပါဗျာ... ပေး ပေး... ကျွန်တော်သယ်ပေးမယ်"

ဂျောင်ကုကတော့ သူ့အရင်အကျင့်အတိုင်း ရုံးခန်းထဲမှာပျင်းတဲ့အခါ ကုမ္မဏီထဲမှာပတ်သွားပြီး တောက်တိုမယ်ရကူပေးနေဆဲ...။ ဆော့ဂျင်ကလည်း ဂျောင်ကုစိတ်ချမ်းသာသလိုနေဖို့ လွှတ်ထားခဲ့တယ်လေ...။

"ဂျောင်ကုက သူ့ကိုယ်သူ CEO ရဲ့ယောင်္ကျားဆိုပြီး မောက်မာမနေဘူးနော်... သူ့ဘာသာ လွတ်လပ်သလိုနေနေတာ"

"အစက သူတို့ကိုညီအစ်ကိုဝမ်းကွဲထင်တာ... ရုပ်ချင်းဆင်တာကိုး... အခုကျတော့ လပ်ထပ်ထားတာတဲ့လေ"

"တကယ်တမ်းကျ သူတို့နှစ်ယောက်က အရမ်းလိုက်ဖက်တယ်‌နော်... နှစ်ယောက်အတူတူတွဲမြင်ရရင်ကို အရှိန်အဝါတစ်ခုကို ခံစားရတယ်"

တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတဲ့ စကားတွေတိုင်းမှာ မကောင်းတာတော့မပါချေ...။ CEO ဆော့ဂျင်က စည်းကမ်းကြီးတာကြောင့် ရှိန်ကြကြောက်ကြပေမယ့် ဂျောင်ကုကိုတော့ ပြောရဲဆိုရဲရှိကြတယ်...။

"ကိုကို... ကုမ္မဏီကလူတွေက ကျွန်တော့်ကိုကြောက်နေတယ်ထင်တယ်"

အလုပ်လုပ်နေတဲ့ဆော့ဂျင်ရဲ့ဘေးမှာသွားရပ်ရင်း ဂျောင်ကုပြောတော့ ဆော့ဂျင်က သူ့ကိုယ်လေးကိုဆွဲယူကာ ပေါင်ပေါ်ထိုင်စေလိုက်တယ်...။ ခန္ဓာကိုယ်အချိုးအစားချင်းက သိပ်မကွာတာကြောင့် ဂျောင်ကုကိုဖက်ထားရတာ အားရပါးရရှိလှတယ်...။

"သူတို့က ကလေးကို ကိုယ့်အရှိန်ကြောင့် လန့်နေတာနေမှာပေါ့... အရမ်းတော့ကြောက်တဲ့ပုံမပေါ်ပါဘူး... စကားပြောရဲဆိုရဲမဟုတ်လား...??"

Our Miracle (Completed)Tempat cerita menjadi hidup. Temukan sekarang