Chapter - 16

384 56 4
                                    

(Unicode)

ကားမောင်းနေရင်းနဲ့ စီးကျလာတဲ့မျက်ရည်တွေကို ဂျောင်ကုလက်နဲ့ပွတ်သုတ်လိုက်တယ်...။ ‌မေ့ပျောက်နေတဲ့အတိတ်ကို ပြန်သတိရလာတဲ့အခါမှာ ပျော်စရာကောင်းလိမ့်မယ်လို့ ထင်ခဲ့ဖူးတယ်...။ ခုလိုမျိုးအတိတ်ဆိုးတွေ ရှိခဲ့မယ်ဆိုတာသိခဲ့ရင် ပြန်သတိရဖို့ကြိုးစားမိမှာမဟုတ်ပေ...။

သူသတိမရခဲ့တဲ့အတိတ်တွေမှာ အစ်ကိုယွန်းဂီကိုသာ ပြိုင်ဘက်တစ်ယောက်အဖြစ်မြင်ခဲ့ပြီး တကယ်တမ်းကျတော့ တခြားမိန်းမတစ်‌ယောက် ဖြစ်နေလိမ့်မယ်လို့တော့ ယောင်လို့တောင်မတွေးမိခဲ့ပါ...။ ဆော့ဂျင်ကိုစချစ်ခဲ့ရတာ ကိုယ့်ဘက်ကဖြစ်ခဲ့ပေမယ့် ရင်ခုန်သံချင်းထပ်တူညီသွားခဲ့တာကြောင့် သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ခဲ့ရမယ်လို့ ထင်ခဲ့ဖူးတယ်...။

ဟုတ်ပါတယ်...အဲ့ဒီကိစ္စတွေ မဖြစ်ခဲ့ခင်တုန်းကတော့ သူတို့နှစ်ယောက်ဟာ သာယာတဲ့အိမ်ထောင်သည်ဘဝကို ပိုင်ဆိုင်ခဲ့ကြပါတယ်...။ အများက အားကျရလောက်အောင်အထိ ချစ်ပြခဲ့ကြတာပဲ...။

ဒါပေမယ့် မျိုးဆက်ကို‌မမွေးဖွားနိုင်ခဲ့တာရဲ့နောက်မှာ ဆော့ဂျင်ရဲ့အတွင်းရေးမှူးက ဆော့ဂျင်ရဲ့ကိုယ်ဝန်ကို လွယ်ထားရတဲ့ကိစ္စက သူတို့ကြားမှာ ကြီးမားတဲ့ပဋိပက္ခကိုဖြစ်စေခဲ့တယ်...။ ဆော့ဂျင်ရဲ့မိဘတွေကလည်း ဂျောင်ကုကိုဖိအားပေးလာခဲ့သည်လေ...။

ထိုကတောက်ကဆတွေကြောင့် သူတို့စကားများရန်ဖြစ်ခဲ့ကြပြီး ဂျောင်ကုက လှေကားပေါ်ကပြုတ်ကျကာ အတိတ်မေ့သွားခဲ့တယ်...။ သူနိုးလာတဲ့အခါမှာတော့ ဆော့ဂျင်က သူတို့ကြားထဲမှာ ဘာကိစ္စမှမဖြစ်ခဲ့သလို ဟန်ဆောင်နေခဲ့တယ်...။

ဒီလူက တကယ်မရှက်တတ်ဘူးပဲ...။ အပြစ်လုပ်ထားပြီးတော့ ဘာမှမဖြစ်သလိုဟန်ဆောင်နေခဲ့ဝာာလေ...။ အမှန်တော့ ဂျောင်ကုရိပ်မိသင့်တာ... ဂျောင်ကုခုလိုအတိတ်မေ့ပြီး မွေးရပ်မြေကိုပြန်လာခဲ့သည့်တိုင် ဆော့ဂျင်ရဲ့မိဘတွေနဲ့ အဆက်အသွယ်မရှိခဲ့ဘူးလေ...။

ဆော့ဂျင်က ကိုယ့်ကိုမပြတ်နိုင်လို့ ဒီထိလိုက်လာတယ်ဆိုသည့်တိုင် သူ့မိဘ‌တွေကတော့ ချွေးမလောင်းနဲ့အတူကျန်ခဲ့မှာပဲ...။ ခုချိန်လောက်ဆို ဆော့ဂျင်ရဲ့ကလေးလည်း မွေးပြီးလောက်ရောပေါ့...။ ဒါတောင်မှဆော့ဂျင်က ဂျောင်ကုရဲ့ရှေ့မှာ ဘာမှမဖြစ်သလို ဟန်ဆောင်ကောင်းနေဆဲ...။

Our Miracle (Completed)Where stories live. Discover now