Chapter - 9

434 59 8
                                    

(Unicode)

ချစ်သူနဲ့အဆင်ပြေတဲ့နေ့ရက်တိုင်းဟာ ရာသီဥတုသာယာနေခဲ့တယ်...။ မိမိကိုယ်ကို ကင်မ်ဆော့ဂျင်နဲ့လက်ထပ်ထားတဲ့သူ၊ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြသူလို့ မှတ်ယူပြီးတဲ့နောက်မှာ‌တော့ ဂျောင်ကုရဲ့နေ့ရက်တွေက သာယာပျော်ရွှင်မှုအတိပြီးခဲ့တယ်...။

"ဂျောင်ကုရေ... ဒီစာရင်းလေးတွေ CEO ဆီလက်မှတ်ထိုးဖို့ သွားပေးပေးပါလား...!!"

"ဟုတ်ကဲ့ခင်ဗျ... ခုပဲ သွားလိုက်မယ်နော်"

CEO နဲ့အလုပ်အတူလာတတ်တဲ့ ဂျောင်ကုကို အမျိုးတော်စပ်သူဟုဟာ ဝန်ထမ်း‌တွေကသိထားကြတယ်...။ ဒါကလည်း ဂျောင်ကုက သူတို့ရဲ့ပတ်သတ်မှုကို မထုတ်ဖော်ချင်ဘူးလို့ ဆော့ဂျင်ဆီမှာ မေတ္တာရပ်ခံထားလို့ပါ...။ မဟုတ်ရင် သူလည်းအနေရခက်တယ်လေ...။

အခုတော့ လက်မှတ်ထိုးရမယ့်ဖိုင်တစ်ထပ်ကိုယူပြီး CEO ရုံးခန်းဆီသို့ ထွက်လာခဲ့လိုက်တယ်...။ လမ်းမှာ အွန်ဝူးရဲ့ဌာနကိုဝင်ပြီး သူ့အခြေအနေကိုကြည့်လိုက်သေးတယ်...။ သူကလည်း အလုပ်ကြိုးစားပြီး ပေါင်းသင်းဆက်ဆံရေးကောင်းသူမို့ ဌာနအတွင်းရှိဝန်ထမ်းများနဲ့ အဆင်ပြေပြေရှိနေပါတယ်...။

CEO ရုံးခန်းဆီသို့ရောက်သောအခါ တာဝန်အရ အရင်ဆုံးတံခါးခေါက်လိုက်တယ်...။ အထဲမှဝင်ခဲ့ပါဆိုတဲ့ အသံကြား‌တော့မှ ဂျောင်ကုလည်းအထဲဝင်သွားလိုက်တယ်...။ မနက်ကမှ အလုပ်အတူတူလာခဲ့ပေမယ့် ဆော့ဂျင်ကို ဂျောင်ကုလွမ်းလို့နေပါပြီ...။ သူ့ကိုချစ်မိသွားတဲ့အခါမှာ သူ့အနားမှာပဲ အချိန်ပြည့်နေချင်နေတော့တာပဲ...။

"CEO ကို လက်မှတ်ထိုးရမယ့်ဖိုင်တွေ လာပို့တာပါ"

"ဟုတ်လား...ဒီနားကိုလာပါဦး"

ဂျောင်ကုအနားရောက်သွားတော့ ‌ဆော့ဂျင်က သူ့လက်ကိုဆွဲယူလိုက်တာကြောင့် ပေါင်ပေါ်ကိုထိုင်ချမိလျက်သား ဖြစ်သွားတော့တယ်...။ ဂျောင်ကုလည်း ရှက်ကိုးရှက်ကန်းဖြစ်သွားပေမယ့် ရုန်းထွက်ဖို့တော့ မကြိုးစားမိပါ...။

"အမောကိုပြေသွားတာပဲကွာ"

ဂျောင်ကုရဲ့ပါးတစ်ဖက်ကို ဖိနမ်းလိုက်ရင်းပြောလာတဲ့ ဆော့ဂျင်ကြောင့် ဂျောင်ကုမှာလည်း သဘောတကျနဲ့ပြုံးမိတယ်...။ တဒိတ်ဒိတ်ခုန်နေတဲ့ရင်ခုန်သံတွေရဲ့ တိုက်တွန်းမှုကြောင့် ခေါင်းကိုအနည်းငယ်စောင်းကာ ဆော့ဂျင်ကိုပြန်နမ်းလိုက်မိတယ်...။

Our Miracle (Completed)Where stories live. Discover now