Chapter - 13

438 57 5
                                    

(Unicode)

"အဲ့ဒီတော့မင်းက မင်းကိုကိုနဲ့ မင်ယွန်းဂီ အတူတူတွဲသွားတွဲလာလုပ်နေတာကို လက်ခံလိုက်တယ်ပေါ့လေ"

ဟိုဆော့ရဲ့အမေးကို ဂျောင်ကုလည်းခေါင်းညိတ်ပြလိုက်တယ်...။ သိပ်ပြီးထွေထွေထူးထူးမှမရှိတာ...။ ဆော့ဂျင်နဲ့ယွန်းဂီက project တစ်ခုကိုအတူတူလုပ်ရမယ့် လုပ်ငန်းပါတနာတွေပဲဟာ...။

"အရင်က အရမ်းသဝန်တိုတတ်တဲ့ဂျွန်ဂျောင်ကု ဘယ်ရောက်သွားပါလိမ့်"

"အဟင်း...အရင်ကတော့ ငါက ကလေးစိတ်နဲ့သဝန်တိုမိတာနေမှာပါ... အခုကတော့ ကိုကိုကင့ါအပိုင်ဆိုတော့ သဝန်တိုမနေတော့ပါဘူး... ပြီးတော့ သူတို့က ရိုးသားနေတာပဲကို"

"မင်းထင်လို့လား...??"

"ဟင်...!!!"

ဟိုဆော့ရဲ့အပြောကြောင့် ဂျောင်ကုအတန်ငယ်တော့ အံ့ဩသွားရတယ်...။ သူဘာလို့ ခုလိုပြောနေရတာလဲ...??

"မင်ယွန်းဂီက မျက်နှာနှစ်ဖက်နဲ့တဲ့... တစ်ဖက်ခြမ်းမှာက ဖြူစင်တဲ့ပုံစံလေးဆိုပေမယ့် တစ်ဖက်မှာတော့မြေခွေးလိုလူတဲ့"

"မင်းကဘယ်လိုသိလဲ...??"

"ပြောနေကြတာပဲလေ... သူက အခုမှကုမ္မဏီအလုပ်စလုပ်ပေမယ့် အရင်က အိမ်ခြံမြေရောင်းဝယ်ရေးလုပ်တာ... မင်းအရွယ်လောက်နဲ့တင် သူက အရမ်းချမ်းသာနေပြီ... အဲ့ဒါကြောင့် ငါ့အစ်ကိုက သဘောကျပြီးလက်ထပ်ချင်ခဲ့တာတဲ့... သိတယ်မလား ငယ်သူငယ်ချင်းလည်းဖြစ် စီးပွားရှာလည်း ကောင်းတဲ့သူဆိုတော့"

ဂျောင်ကုကတော့ မျက်မှောင်ကျုံ့ရင်းစဉ်းစားနေမိတယ်...။ ဖြူဖြူစင်စင်ပုံစံလေးနဲ့ စကားပြောလည်းကောင်းတဲ့ အစ်ကိုသေးသေးလေးက အခုလိုစရိုက်ရှိတယ်တဲ့လား...??

"မင်းသူနဲ့ အပြင်မှာဆုံဖူးလား ဟိုဆော့...??"

"ဟင့်အင်း... စေ့စပ်ပွဲတုန်းကလည်း ငါက မတက်ဖြစ်ခဲ့ဘူးလေ... မင်းပဲ သူတို့နှစ်ယောက်ကြား ပါပါသွားလို့တွေ့ဖူးတာမလား"

"အင်း...အရင်ကတော့ ငါသူ့ကိုခါးခါးသီးသီးဖြစ်ခဲ့တယ်မလား... အခုကတော့ သူ့ကိုသဘောကျမိသလိုပဲ... သူ့ပုံစံလေးက ဖြူဖြူစင်စင်လေးလေ"

Our Miracle (Completed)Where stories live. Discover now