Chapter - 3

480 79 13
                                    

(Unicode)

ဒီနေ့တော့ ဂျီမင်းရှိတဲ့ဆီကိုလိုက်သွားဖို့ ဆုံးဖြတ်ထားတာကြောင့် ဂျောင်ကုလည်း အရင်ကထက်သားနားစွာ ဝတ်စားထားမိတယ်...။ ဂျီမင်းရဲ့အကြိုက်ဟာ ဘယ်လိုပုံစံဖြစ်နေမလဲဆိုတာ ကြိုမသိနိုင်တာကြောင့် ခပ်ဟော့ဟော့အပြင်အဆင်အစား သာမန်လောက်သာ ဝတ်စားထားလိုက်တယ်...။

ထို့အတူ လက်မောင်းတစ်ဖက်ရှိ တက်တူးများကိုလည်း အင်္ကျီလက်ရှည်ဖြင့် ဖုံးကွယ်ထားလိုက်သေးတယ်...။ ဆံပင်ရှည်တွေကို သပ်ရပ်စွာလှန်တင်လိုက်ပြီးတဲ့နောက် သူ့ရဲ့ပြင်ဆင်ခြင်းဟာ ပြီးဆုံးသွားတော့တယ်...။

တက်ကြွသောခြေလှမ်းများဖြင့် အိမ်အောက်ထပ်ကိုဆင်းလာတော့ ဧည့်ခန်းထဲမှာထိုင်နေကြတဲ့ အဖေနဲ့အမေက သူ့ကိုအကဲခတ်သလို လှမ်းကြည့်လာကြတယ်...။ တားဆီးခြင်းမပြုကြသည့်တိုင် ဂျောင်ကုအပြင်သွားတာကို သိပ်သဘောမကျကြောင်းကိုတော့ မျက်နှာအမူအယာအရ သိနိုင်ပါတယ်...။

"သူငယ်ချင်းဆီ သွားတွေ့လိုက်ဦး‌မယ်နော်"

အသိပေးသလိုပြောလိုက်ပြီး ကားသော့ကိုလှမ်းယူလိုက်စဉ် မိခင်ဖြစ်သူက စောစောပြန်လာဖို့ကို လှမ်းပြောလာတယ်...။ အရင်ရက်တွေကတော့ ဘာမှမပြောဘဲ ဒီနေ့မှပြောတာကြောင့် စိတ်ထဲထူးဆန်းမိပေမဲ့ အမှုမဲ့အမှတ်မဲ့သာ နေနေလိုက်တယ်...။

ထို့နောက်မှာ‌တော့ ကားလေးကို ချစ်သူလေးရှိနေမဲ့ ဆိုးလ်တက္ကသိုလ်ဆီသို့ ဦးတည်သွားလိုက်တော့တယ်...။

တစ်လမ်းလုံးလဲ ဂျီမင်းရဲ့အခုပုံစံလေးဟာ ဘယ်လိုလေးဖြစ်နေမလဲဆိုတာ စိတ်ကူးယဉ်နေမိတယ်...။ သေချာတာကတော့ ဆရာတစ်ယောက်ရဲ့ဂုဏ်နဲ့ လိုက်ဖက်ညီအောင်လို့ ခပ်ရိုးရိုးလေးပဲ ဝတ်စားပြင်ဆင်ထားမယ်ဆိုတာပင်...။

အဲ့လိုသာဆိုရင် ဂျောင်ကုရဲ့အခုပုံစံနဲ့ အဆင်ပြေပါ့မလား...။ ကိစ္စမရှိပါဘူးလေ... ချစ်သူတွေဖြစ်သွားကြရင် သူ့သဘောကျပြန်ပြောင်းလိုက်မှာပေါ့...။ ဒီပုံစံက ကင်မ်ဆော့ဂျင်ဆိုတဲ့လူ သဘောကျတဲ့ပုံစံဖြစ်ချင်ဖြစ်မှာ...။

သိပ်မကြာခင်မှာပင် တက္ကသိုလ်ဝန်းရှေ့သို့ ရောက်ရှိသွားတာကြောင့် ကားလေးကိုအသာချိုးကွေ့ဝင်လိုက်တယ်...။ ဂျီမင်းရှိတဲ့နေရာကို စုံစမ်းဖို့အတွက်ကတော့ ကျောင်းသားတစ်ယောက်ယောက်ကို မေးလိုက်ရင်ရမှာပါ...။

Our Miracle (Completed)Where stories live. Discover now