Chapter - 12

387 57 3
                                    

(Unicode)

ဟိုဆော့တားတဲ့ကြားကနေ ဂျောင်ကုဒီနေရာကိုထပ်ရောက်လာပြန်တယ်...။ သူ့ကိုကိုဆော့ဂျင်အလုပ်လုပ်နေတဲ့ ကုမ္မဏီရှေ့ကိုပေါ့...။ သူလိုကျောင်းသားတစ်ယောက်နဲ့ ကုမ္မဏီဝန်ထမ်းတွေက နည်းနည်းလေးမှမသက်ဆိုင်သလိုပင်...။

ငယ်သေးတာကြောင့် အထဲကိုဝင်ပြီးမေးဖို့ကလည်း သတ္တိမရှိခဲ့...။ ခြေညောင်းမတတ်စောင့်နေပြီးတော့မှ သူ့ကိုကိုဆော့ဂျင်ကို လှမ်းတွေ့လိုက်ရတာကြောင့် သတိလက်လွတ်နဲ့အထဲကိုဝင်သွားမိတယ်...။ ပြီးတော့မှ ဆော့ဂျင်က တစ်ယောက်တည်းမဟုတ်ဘဲ ဘေးမှာရှိတဲ့ကောင်လေးတစ်ယောက်ကို တယုတယနဲ့ပခုံးဖက်ထားတာကို တွေ့လိုက်ရတယ်...။

"ကိုကို...!!!"

ဂျောင်ကုခေါ်သံက နည်းနည်းကျယ်တာကြောင့် ဆော့ဂျင်သာမက အနီးအနားက ဝန်ထမ်းတွေကပါလှည့်ကြည့်လာခဲ့တယ်...။ ဆော့ဂျင်က ဂျောင်ကုကိုတွေ့တော့ အံ့ဩသွားခဲ့ပေမယ့် ချက်ချင်းပင် မျက်မှောင်တွေတွန့်ကွေးကုန်တယ်...။

"မင်းဘာလာလုပ်တာလဲ...??"

"သူက ဘယ်သူလဲကိုကို...??"

ကိုယ့်ကိုပြန်ပြီးမေးခွန်းထုတ်တာကြောင့် ဆော့ဂျင်စိတ်ပျက်သလို ကျစ်ခနဲရေရွတ်လိုက်တယ်...။ ပြီးတော့မှ သူ့ဘေးက ကောင်ချောလေးကို ပိုနီးကပ်သွားအောင်ဖက်လိုက်ပြီး ဂျောင်ကုရဲ့အမေးကိုပြန်ဖြေလိုက်တယ်...။

"ငါနဲ့လက်ထပ်မယ့်သူလေ... နှုတ်ဆက်လိုက်... မင်ယွန်းဂီတဲ့"

ကိုယ်နဲ့ရွယ်တူလို့ထင်ရတဲ့ ကောင်ငယ်လေးကို ဂျောင်ကုအရိုအသေမပေးချင်ပါ...။ အထူးသဖြင့် ထိုသူက သူချစ်တဲ့ကိုကိုနဲ့ သက်ဆိုင်သူ‌ဖြစ်နေရင်ပေါ့...။

"အဲ့ကလေးက ဘယ်ကလဲ ဆော့ဂျင်"

"ငါ့ညီရဲ့သူငယ်ချင်းပါ... ဂျွန်ဂျောင်ကုတဲ့"

ဂျောင်ကုအံ့ဩသွားတာက ထိုကောင်ငယ်လေးက ဆော့ဂျင်ကို ရွယ်တူတစ်ယောက်လို ဆက်ဆံနေသောကြောင့်ပင်...။ သူကြည့်နေတုန်းမှာပင် သူက ဂျောင်ကုဘက်လှည့်လာပြီး လက်တစ်ဖက်ကမ်းကာ နှုတ်ဆက်လာခဲ့တယ်...။

"ဟယ်လိုဂျောင်ကု... အစ်ကိုက မင်ယွန်းဂီပါ... ‌ဆော့ဂျင်ကိုခင်သလို ခင်လို့ရတယ်နော်"

Our Miracle (Completed)Where stories live. Discover now