အပိုင်း ၃ - ဓားစံအိမ်မှ ဓားကိုလက်ခံခြင်းစည်းမျဉ်းများ

338 40 0
                                    

"နှစ်ကိုယ်တူယှဉ်တွဲကျင့်ကြံခြင်းလား..."

"ဒါက အမှန်လား..."

"မိန်းမလှလေးများလား..."

ဟန်မူယဲ့ မျက်လုံးများကို ဖွင့်လိုက်သောအခါ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

သူ့ရှေ့တွင်ကား အလင်းဖျော့ဖျော့တောက်နေသော သုံးပေခန့် ဓားရှည်တစ်လက်သာ...သူက သက်ပြင်းချကာ တစ်ဘက်ကိုလူးလိမ့်၍ ပြန်အိပ်လိုက်သည်။

'ဓား...'

သူက အိပ်ချင်စိတ်များအားလုံးပျောက်သွားကာ ထခုန်လိုက်သည်။

"လူကြီးမင်း...တူနှစ်ကိုယ် ကျင့်ကြံမလား"

သိမ်မွေ့ကာ ခံစားချက်ကင်းသောအသံမှာ ထပ်ပေါ်လာသည်။ဟန်မူယဲ့သည် ကုတင်တွင် ကွေးလျက်ပင် တီးတိုးပြောသည်။

"ငါက ဓားနဲ့တူနှစ်ကိုယ်ကျင့်ရင် ဖျာသည် ဖြစ်သွားမှာပေါ့"

"နင်က ငါ့ကို ဓားတစ်လက်လို့ မြင်တာပေါ့"

"ဓားသွားက သံနက်... နှစ်လက်မဗြက်အကျယ်... လက်ကိုင်မှာ ကြေးနီရောင် တိမ်ရိပ်ကို သွေးကြောမျှင်သုံးခုနဲ့ ဆက်သွယ်ထားတယ်"

"ဓားဟာ ၄ ကီလို လေးတယ်။ ဓားသွားကိုလည်း လက်မဝက်ပဲ မြုတ်ထားတယ်"

"ဓားကိုယ်ထည်ကို တူတစ်ထောင်သန့်စင်နည်းနဲ့ ထုဆစ်ထားတယ်။ အအေးခံနည်းက..."

ဟန်မူယဲ့ ရုတ်တရက် ရပ်လိုက်သည်။ပုံရိပ်တစ်ခု ပေါ်လာသည်။ကောင်းမွန်စွာ ထုနှက်ထားသောဓားသည် အစိမ်းရောင်ဝတ် အမျိုးသမီးငယ်လေး၏နှလုံးသားကို ထိုးစိုက်ထား၏။

"ဓားက မိန်းမပျိုတစ်ယောက်ရဲ့ နှလုံးသွေးနဲ့သန့်စင်ထားတယ်။ ဒါက အောက်လမ်းနည်းပဲ"

ဟန်မူယဲ့ တီးတိုးဆိုသည်။သူသည် သွေးဖြင့်သန့်စင်ခြင်းပညာရပ်အား နားလည်လိုက်၏။ဓားသည် ခံစားချက်ရှိဟန်ဖြင့် ဆတ်ခနဲ တုန်သွား၏။ ထို့နောက် ဓားသည် ဟန်မူယဲ့၏နှလုံးသားရှိရာသို့ ထိုးစိုက်လာ၏။ထိုအခိုက်တွင် ဘေးခန်းမှ ခြောင်းဟန့်သံတစ်ချက် ကြားရသည်။ဓားသည် အိပ်ရာထက်ကို ပြုတ်ကျသွား၏။

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now