အပိုင်း ၁၀ - ဓားလဲလှယ်ခြင်း

299 35 0
                                    

နောက်တစ်နေ့နံနက်တွင် ဟန်မူယဲ့သည် ဓားတစ်လက်အား ခုံထက်တွင် တွေ့သည်။
ဓားမှာ ၂ပေနှင့် ၈လကမသာ ရှည်သည်။ ၎င်းမှ စိမ်းဖန့်ဖန့် အရောင်ထွက်နေ၏။ဓားလက်ကိုင်ကို ထိမိသည်နှင့် ဟန်မူယဲ့ မှင်တက်သွားသည်။

ခရမ်းမီးတောက်...

ဓားမှာ အကြီးအကဲတောက်ရင်၏ခရမ်းမီးတောက် ဖြစ်သည်။သို့သော်လည်း ဓား၏ပုံပန်းသွင်ပြင်မှာ လုံးဝပြောင်းလဲသွားပြီ ဖြစ်သည်။ အပြင်လူတစ်ဦးသာဆိုပါက ဓားကို မည်သို့မှ မှတ်မိတော့မည် မဟုတ်ပါ။

ဓားသည် သာမန်ဖြစ်သော်လည်း ဟန်မူယဲ့က ဓားကို ကိုင်လိုက်သည်နှင့် ပူပြင်းသောမီးတောက်ဓားချီကို ခံစားရသည်။

နွေးထွေးသောအငွေ့အသက်များ သူ့ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသည်။

"မင်းက ဘယ်သူလဲ... ငါ့နောက်ကို လိုက်ချင်တာလား"

တီးတိုးရေရွက်ရင်း ဟန်မူယဲ့သည် ဓားကို ကောက်ကိုင်ကာ ဓားသိုင်းလေ့ကျင့်ရန် ထွက်လာသည်။ဓားကို အသုံးပြု၍ ဓားသိုင်းတချို့ လှုပ်ရှားလိုက်၏။ဓားအလင်းတချို့မှာ လေးလံပြီး တချို့မှာ ပေါ့ပါး၏။ တစ်ခါတစ်ရံ ပူပြင်းကာ တစ်ခါတစ်ရံ အေးစက်၏။ဓားသိုင်းအမျိုးမျိုးနှင့် ဓားသဘောတရား မျိုးစုံတို့အား တခြားလူတစ်ဦးကသာ လေ့ကျင့်မည်ဆိုပါက သူတို့၏သွေးကြောများ ပေါက်ထွက်သွားနိုင်၏။

သို့သော်လည်း ဟန်မူယဲ့၏လက်ထဲတွင် ထိုဓားသိုင်းများမှာ အချုပ်အနှောင်ကင်းကာ လွတ်လပ်စွာ လှုပ်ရှားနေကြ၏။

ပုံရိပ်ယောင်နေရာ၌ ဓားချီများမှာလည်း သူ၏သိုင်းကွက်များအတိုင်း လှုပ်ရှားနေကြကာ သွေးကြောများ၌ ရွေ့လျားနေကြ၏။

ထိုခံစားချက်မှာ အလွန်သက်တောင့်သက်သာ ဖြစ်စေသည်။

အပြင်သို့ထွက်လာသောဟွမ်လောင်လျှိုက ဟန်မူယဲ့အားကြည့်ကာ ခေါင်းယမ်းသည်။ဟန်မူယဲ့က အဘယ်ကြောင့် ဓားဖြင့် ဟိုဟိုဒီဒီဝှေ့ယမ်းနေသည်ကို သူ နားမလည်ပါ။သို့သော်လည်း သူက ဟန်မူယဲ့အား တားဆီးခြင်း မပြုပေ။ဟန်မူယဲ့မှာ ၃လခန့်သာ အသက်ရှင်နိုင်တော့မည်။ သူက စိတ်တိုင်းကျ ပြုမူနေနိုင်၏။နံနက်ပိုင်းတွင် မည်သူမှ ဓားစံအိမ်သို့ ရောက်မလာပါ။ ဟန်မူယဲ့က ဟွမ်လောင်လျှိုအနားသို့ကပ်ကာ ကျင့်ကြံခြင်းလောကနှင့်ပတ်သက်သည်များအား မေးမြန်း၏။ဟွမ်လောင်လျှိုသည် ဓားစံအိမ်တွင်ရှိနေသည်မှာ ၇နှစ်ကြာမြင့်ပြီဖြစ်ကာ ဗဟုသုတအတော်အတန်ကြွယ်ဝ၏။

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now