အပိုင်း ၁၃

280 29 0
                                    

ဓား ၁၀၀၀၀ တို့အိမ်အပြန်

နွားသိုးတစ်ကောင်၏ခွန်အားမှာ ကီလိုဂရမ် ၅၀၀ ရှိသည်။

ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်ကို ကျင့်ခြင်းဖြင့် သူသည် နွားတစ်ကောင်၏ခွန်အားကို ရရှိနိုင်၏။ အမှန်တကယ်အားဖြင့် သံမဏိနွားရိုင်းကျင့်ကြံခြင်းစနစ်သည် ခန္ဓာကျင့်ကြံခြင်းစနစ်များအားလုံး၌ အား အနည်းဆုံး ဖြစ်သည်။

၎င်းတွင် ဗီဇပါရမီ မလိုအပ်သလို တန်ဖိုးမှာလည်း ဝိညာဉ်ကျောက်တုံး ၈၀ သာ ကျသင့်၏။

အကယ်၍ ကျင့်ကြံနည်းစနစ်မှာ အလွန်တန်ဖိုးကြီးပါက သူ မတတ်နိုင်ပါ။ ဗီဇပါရမီလိုအပ်ချက်မြင့်ပါကလည်း ဟန်မူယဲ့ မကျင့်ကြံနိုင်ပါ။ ဤနည်းလမ်းမှာ အားနည်းလျှင်ပင် အတွင်းစည်းဂိုဏ်းမှ နည်းစနစ်တစ်ခု မဟုတ်ပါလား။ အပြင်စည်းဂိုဏ်းမှ အလှပြကွက်များထက် ပိုမကောင်းပေဘူးလား။

ထို့အပြင် ဓားချီများက သူ့ကို ထိခိုက်စေမည်ဟု ဟန်မူယဲ့ မယုံကြည်ပါ။ သို့သော်လည်း ခန္ဓာကျင့်ကြံနည်းစနစ်ကို လေ့ကျင့်ခြင်းက သူ့အား စိတ်သက်သာရာရစေသည်။

ကျင့်စဉ်စာအုပ်ကို ယူကာ ဟန်မူယဲ့က စာအုပ်စင်အနီးမှ ထွက်လာသည်။

"ကျင့်ကြံခြင်းပညာရပ်များ"

စာအုပ်စင်များမှာ စွမ်းအင်ကျင့်ကြံခြင်းနည်းစနစ်များ ဖြစ်သည်။ ၎င်းတို့အား ကျင့်ကြံခြင်းဖြင့် တစ်စုံတစ်ယောက်သည် အသက်ရှည်နိုင်ပေသည်။ သူက အတန်ငယ် တွန့်ဆုတ်နေပြီးမှ ထိုစာအုပ်စင်ထံသို့ ဦးတည်လိုက်၏။

'သူက မတတ်နိုင်လျှင်ပင် တစ်ခါလောက်ကြည့်ခြင်းက ပြဿနာမရှိပေဘူးမလား'

"တိမ်ဖြူပညာရပ်"

၎င်းသည် ချီစုစည်းခြင်းပညာရပ်ဖြစ်သည်။ ထိုနည်းစနစ်မှာ ရေဓာတ်မျိုးဆက်မှ ဖြစ်၏။ ၎င်းသည် တိမ်မြူချီဓာတ်အား ခန္ဓာကိုယ်တွင် စုစည်းကာ သွေးအတွင်းမှ အညစ်အကြေးများကို သန့်စင်စေလျှက် တစ်စုံတစ်ယောက်၏အသက်ကို ပိုမိုရှည်လျားစေသည်။

ထိုကျင့်ကြံနည်းစနစ်မှာ သတ္တမအဆင့် ဗီဇပါရမီ လိုအပ်၏။ ထိုပညာရပ်အား လဲလှယ်ရန် ဝိညာဉ်ကျောက်တုံး ၃၀၀ သို့မဟုတ် အကျိုးဆောင်အမှတ် ၃၀ လိုအပ်၏။ ချီစုစည်းခြင်းပညာရပ်များက ထိုမျှ တန်ဖိုးကြီးသည်လား။ ဝိညာဉ်ကျောက်တုံး ၃၀၀၀ ကို စုဆောင်းရန် မည်မျှ ကြာမည်နည်း။

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now