အပိုင်း ၃၇ - မီးလောင်ပြင်ဓားသိုင်းကို သရုပ်ပြခြင်း

210 24 0
                                    

အကြောင်းပြချက်တစ်ချို့ကြောင့် တစ်နှစ်ခန့် ပျောက်ဆုံးနေသော အပြင်စည်းဂိုဏ်းသား ကျိယွမ်၏ဓားသည် ဓားစံအိမ်သို့ ရောက်လာသည်။

ထိုဓားထံမှ ဟန်မူယဲ့သည် ကျိယွမ် ကမ်းပါးပေါ်မှ ပြုတ်ကျခြင်းနှင့် သူ့ညီမငယ် ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခံရခြင်းတို့ကို မြင်သည်။

ပြင်းထန်ရက်စက်သော လောကဓံကို ကြုံတွေ့ခဲ့ရသော ထိုလူငယ်သည် ယခု သူ၏တစ်ဂိုဏ်းတည်းသား လူ ၁၃ယောက်ကို သတ်ဖြတ်ခဲ့၏။

ထို့အပြင် အပြင်စည်းဂိုဏ်းသားဖြစ်သော ကျိယွမ်သည် အတွင်းစည်းဂိုဏ်းသား တစ်အုပ်စုကို အလွယ်တကူ သတ်ဖြတ်ခဲ့သည်။

'ဒီနောက်ကွယ်က ထူးဆန်းမှုက ဘာများလဲ'

ဓား ၁၃လက်မှ ပုံရိပ်များမှာ အတူတူဖြစ်သည်။

မီးဓာတ်မျိုးဆက်များမှာ ဆုတ်ယုတ်နေခဲ့ပြီဖြစ်သည်။ ကျင့်ကြံဆင့် အနည်းငယ်မြင့်သော စီမံခန့်ခွဲရေးမှူးများသည် မီးဓာတ်မျိုးဆက်နှင့် ခပ်ကင်းကင်းနေကြရာ မီးဓာတ်မျိုးဆက်တပည့်များမှာ မိမိကိုယ်ကို အားကိုးကြရသည်။

မပြည့်စုံသော မျိုးဆက်ပညာရပ်များကြောင့် တပည့်များမှာ တိုက်ခိုက်ရေးစွမ်းရည်များလည်း နိမ့်ကျလာခဲ့ကြရသည်။

ဓား ၁၃လက်ကို စာရင်းမှတ်ပြီးသောအခါ အနက်ရောင်ဝတ်တပည့်များ ပြန်ထွက်သွားကြသည်။

နေဝင်လျှင် ဟွမ်လောင်လျှိုသည် သေရည်တစ်အိုးဖြင့် ပြန်ရောက်လာ၏။ သူ၏အမူအရာက သိပ်မကောင်းပါ။

"မကြာခင် ဂိုဏ်းမှာ ကြီးကြီးမားမားတစ်ခုခုဖြစ်တော့မှာ စိုးရတယ်"

ဟွမ်လောင်လျှိုက ဓားစံအိမ်ထဲကို ရောက်သောအခါ ပြောပြသည်။

"ကျင့်ရှန်းဓားဂိုဏ်းက ချင်ယွမ်ဟယ်ကို လိုက်သတ်တဲ့အခါ မီးဓာတ်မျိုးဆက်ဟာ အကြီးအကျယ် ဆုံးရှုံးခဲ့တယ်ကြားတယ်။ အကြီးအကဲတွေဟာ ဒေါသထွက်ပြီးတော့ တိုက်ခိုက်ရေးခန်းဆောင်ကို အသုံးမကျတဲ့အတွက် ဆူပူကြိမ်းမောင်းခဲ့တယ်လို့ ကြားတယ်"

ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ တောင်ခြေမှ အခြေအနေကို သုံ့သပ်ပြသည်။ ထို့နောက် သူက ခိုင်မာစွာ ပြောသည်။

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now