အပိုင်း ၁၄

258 31 0
                                    

နှလုံးသားထဲမှ ဓား


အဖိုးအိုက သုန်မှုန်သောအမူအရာဖြင့် ပြောသည်။

ထိုအဖြစ်က ဟန်မူယဲ့အား အနည်းငယ် စိုးရိမ်စေ၏။ ဝိညာဉ်ကျောက်တုံး ၁၀ တုံးမျှဖြင့် ထိုမျှ အလေးအနက်ထားနေစရာ လိုပါသလား။

သို့မဟုတ်လျှင် အဖိုးအိုမှာ အံ့ဖွယ်ကိုးပါးဂိုဏ်း၏ဆရာကြီးတစ်ပါးဖြစ်ပြီး သူ့ကို တပည့်အဖြစ် လက်ခံရန် သဘောကျသောကြောင့် သူ့အမွေကို ဆက်ခံစေလိုနေသည်များလား။

ဤသည်က ကံကြမ္မာလည်း ဖြစ်နိုင်သည်။ လေးစားသောအမူအရာဖြင့်ပင် ဟန်မူယဲ့က ဆိုသည်။

"ကျုပ် သင်ချင်ပါတယ်"

အဖိုးအို၏အမူအရာ မပြောင်းလဲပါ။ သူက ဟန်မူယဲ့ကို ပြောသည်။

"ကောင်းပြီ။ ဒါဆိုလည်း ငါမေးတဲ့မေးခွန်းနည်းနည်းကို ဖြေပေးဖို့လိုတယ်။ မင်းက အမှန်အတိုင်း ဖြေပေးရမယ်"

ဖြစ်စဉ်ကား အမွေအနှစ်ကို ဆက်ခံခိုင်းသော ပုံစံမျိုးနှင့် ဆင်တူလှ၏။ ဟန်မူယဲ့က စိတ်လှုပ်ရှားမှုကို ချုပ်တီးကာ လေးနက်စွာ ခေါင်းညိတ်သည်။

"ကောင်းပြီ... ငါမင်းကို မေးမယ်။ မင်းက ဘာလို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို ရောက်လာတာလဲ"

အဖိုးအိုက မျက်လုံးများ စူးရှစွာဖြင့် မေးသည်။ သူက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့ အဘယ်ကြောင့် ရောက်လာရသနည်း။ ဟန်မူယဲ့က ပြန်တွေးလျှင် သူ့အာရုံထဲတွင် ဓားစံအိမ်မှ ဓားအလင်းများ တဖျတ်ဖျတ်လက်သွား၏။

"ဓားတွေအတွက်..."

ဟန်မူယဲ့က ထပ်ပြောသည်။

"ဓားကို ကိုင်စွဲပြီးတော့ လောကထိပ်ဆုံးမှာ ရပ်ချင်တာ"

သူက ပြန်လည်မွေးဖွားလာပြီးမှတော့ ရည်မှန်းချက် နည်းနည်းရှိရန် လိုသည်။ သူ၏စကားကိုကြားလျှင် အဖိုးအိုက ဝမ်းသာစွာ ရေရွက်သည်။

"အရမ်းကောင်းတယ်"

"မင်းက တစ်လောကလုံးကို မင်းရဲ့ဓားနဲ့ အုပ်စိုးဖို့ စိတ်ကူးမရှိရင် ငါ့ဓားပညာကို သင်ဖို့ မထိုက်တန်ဘူး"

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now