အပိုင်း ၅၆

215 25 0
                                    

ဓားကို စောင့်ကြည့်ခြင်း၊ လူကို စောင့်ကြည့်ခြင်းနှင့် နှလုံးသားကို စောင့်ကြည့်ခြင်း

၎င်းသည် နောက်ထပ် တာဝန်စာအုပ်တစ်ခုဖြစ်သည်။

သို့သော်လည်း ယခု တာဝန်စာအုပ်မှာ အသစ်ဖြစ်သည်။ ၎င်းမှာ သေချာပေါက် လတ်တလော ထုတ်ပေးထားခြင်း ဖြစ်၏။

"သူ့ကို ဖတ်ပြလိုက်"

လော့ထျန်းက ဟန်မူယဲ့ကို ခေါင်းညိတ်ပြသည်။

ဟန်မူယဲ့ ရှေ့ကို တိုးသွားကာ တာဝန်စာအုပ်ကို ကောက်ယူလိုက်သည်။

"အံ့ဖွယ်ကိုးပါးဓားဂိုဏ်း... အတွင်းစည်းတပည့် လော့ထျန်းဟာ မိစ္ဆာရှင်းလင်းရေးတာဝန်ကို အောင်မြင်ခဲ့တယ်။ သူဟာ မီးတောက်ဒီမွန်တောင်ကြားကို ထွက်ပြေးသွားတဲ့ မိစ္ဆာမြေခွေးကို သတ်ဖြတ်နိုင်လို့ အကျိုးဆောင်မှတ် ၃၀ ဆုလာဘ်ရရှိတယ်"

ဟန်မူယဲ့က တာဝန်စာအုပ်မှ စာကြောင်းများအား ဖတ်လိုက်သည်။

လော့ထျန်းက နှာခေါင်းရှုံ့ကာ ပြောသည်။

"ဒီတစ်ခေါက် အမှားမရှိဘူးမလား။ ဒီတာဝန်ဟာ ပြီးခဲ့တဲ့လကမှ အောင်မြင်ထားတာ"

ဟွမ်လောင်လျှို၏မျက်နှာက သိပ်မကောင်းပေ။

ဓားထိန်းတစ်ဦးအနေဖြင့် တခြားလူများက လေးစားမှုထားပါက သူသည် စီနီယာတစ်ဦးကဲ့သို့ ဆက်ဆံခံရသည်။

ထိုလူများက သူ့အား အထင်သေးပါက သူသည် ဂိုဏ်း၏အစေခံများထက်ပင် ဆိုးရွားပေသည်။

သူ့ရှေ့မှ လူသည် ဓားထိန်းများကို အထင်သေး၏။

ဟန်မူယဲ့ တာဝန်စာအုပ်ကို ယူလိုက်ကာ ထူးမခြားနားစွာ ပြောသည်။

"မီးတောက်ဒီမွန်တောင်ကြားကို ထွက်ပြေးသွားတဲ့သားရိုင်းမိစ္ဆာလား"

"အဲဒီတာဝန်က အလွယ်တကူ အောင်မြင်နိုင်တာ မဟုတ်ဘူး"

နေ့လည်စာစားစဉ်က လုကောနှင့် ဟွမ်လောင်လျှိုတို့သည် မီးတောက်ဒီမွန်တောင်ကြားမှ တိုက်ပွဲအကြောင်းကို ပြောကြသည်။

မီးတောက်ဒီမွန်တောင်ကြားသည် အံ့ဖွယ်ကိုးပါးတောင်ကုန်းမှနေ၍ တောင်ဘက်ကို ကီလိုမီတာ ၄၀၀၀၀ ဝေးကာ ထိုနေရာအား မိစ္ဆာသားရိုင်းများ နေရာယူထားသည်။

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now