အပိုင်း ၂၃

254 23 0
                                    

မင်းလိုလူက ဂျူနီယာညီမလေးမူနဲ့ မထိုက်တန်ဘူ

ဟွမ်လောင်လျှိုသည် ဓားစံအိမ်အပြင်မှ ရောက်လာကာ ဟန်မူယဲ့၏အင်္ကျီလည်ပင်းအား ဆုပ်ကိုင်လိုက်၏။

"ငါက ဂျူနီယာညီမလေးမူကို မင်းရဲ့အသက်ဓာတ်က အကြီးအကျယ်ထိခိုက်ထားပြီးတော့ အသက်မရှည်နိုင်တော့ဘူးလို့တောင် ပြောထားတာကွာ။ အခု မင်းက ဒီလို လုပ်နေတော့..."

"မိန်းကလေးက မကြာခင် လက်ခံတော့မည့်ပုံပေါ်နေပြီ"

"ဒါပေမဲ့ မင်းက..."

ဟွမ်လောင်လျှို၏အိုမင်းသော မျက်နှာတွင် စိတ်ပျက်ဟန်များ ပေါ်နေသည်။

"မင်းက ဒီလောက်ကောင်းတဲ့ မိန်းကလေးအပေါ် စိတ်ပျက်စေတာပဲ။ ပြီးတော့ မင်းက တခြားမိန်းကလေးနဲ့ သွားတွဲနေတယ်"

"မင်းလိုလူက စီနီယာညီမလေးမူနဲ့ မထိုက်တန်ဘူး။ မင်းက တောင်အောက်က သုံးညပဲ ခံတဲ့ ဝိညာဉ်ကျောက်တုံးတစ်တုံးနဲ့ပဲ ထိုက်တန်တယ်"

'အဲဒါ ဘာကို ဆိုလိုတာလဲ'

ဟန်မူယဲ့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ အတန်ကြာမှ နားလည်သွားသည်။

ခုနက မူဝမ်၏အပြုအမူမှာ အနည်းငယ် တောင့်တောင့်ကြီး ဖြစ်နေသည်။ ဟွမ်လောင်လျှိုက သူမအား တစ်စုံတစ်ခု ပြောထားဟန်ရ၏။

ဟွမ်လောင်လျှိုက သူနှင့် မူဝမ်တို့ကို တွဲပေးရန် ကြံစည်နေသည်လား။

မိန်းကလေးမှာ သိပ်မဆိုးသော်လည်း သူတို့အချင်းချင်း သိကြသည်မှာ မကြာသေးပေ။ ထိုအဆင့်အထိရောက်ရန် အချိန်လိုသေးပေသည်။ဟန်မူယဲ့က ဟွမ်လောင်လျှို၏လက်ကို ဖယ်လိုက်ကာ ပြုံးလျှက်ပြောသည်။

"ဒါနဲ့ အစ်ကို... အစ်ကို... သုံးညအထိ သုံးနိုင်တဲ့ ဝိညာဉ်ကျောက်တုံးအကြောင်းကို မေးချင်လို့"

ဟွမ်လောင်လျှို တောင့်တင်းသွားသည်။ သူ၏မျက်နှာက ရုတ်တရက် နီမြန်းသွား၏။

"ဟင်... ငါကြားဖူးတာ... ငါကြားဖူးတာက..."

ဟန်မူယဲ့က ရယ်မောလိုက်ကာ ကာယအားဖြည့်ဆေးလုံးများပါသော ဆေးပုလင်း ၂လုံးအား ထုတ်ကာ ဟွမ်လောင်လျှို၏စားပွဲပေါ်သို့ တင်လိုက်သည်။

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now