အပိုင်း ၃၂ - မော့ယွမ်၊ ချီစုစည်းခြင်းအဆင့်

228 28 0
                                    

ထောင်ပေါင်းများစွာသော ဓားအလင်းများ ပျံသန်းသွားကာ အဆုံးမဲ့သော ဓားချီများ ပေါက်ကွဲကြ၏။

ဓားချီသည် မြစ်ရေပြင်အလား ပေတစ်ထောင်သို့အထိ လှိုင်းထန်သွားသည်။

"ဓားဆန္ဒ..."

ကီလိုမီတာများစွာဝေးသောအရပ်တစ်နေရာ၌ အဖြူရောင်ဝတ်တန်ခိုးရှင်တချို့က စိတ်လှုပ်ရှားစွာ ရေရွက်ကြသည်။

"ကမ္ဘာမြေအဆင့်... သူက ကျင့်ရှန်းဂိုဏ်းက ချင်ယွမ်ဟယ်ဖြစ်မယ်"

မီးခိုးရောင်ဝတ်အဖိုးအိုတစ်ဦးက အသံမာမာဖြင့် ဆိုသည်။

"မြန်မြန်သွားရအောင်... အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဒီလူကို သတ်တဲ့အတွက် သေချာပေါက် ဆုလာဘ်တွေ ပေးမှာပဲ"

အဖိုးအို၏အရှိန်အဝါသည် ခက်ထန်၏။ သူသည် နောက်ကျောတွင် ဓားရှည်တစ်လက်ကို ပိုးထားကာ ထက်ရှသော စွမ်းအားများ ထုတ်လွှတ်နေ၏။

.....

ဘန်း...

အနီရောင်အချက်ပြမီးတစ်ခုသည် ကောင်းကင်၌ လင်းလက်သွား၏။

"ဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ စုရပ်အမိန့်ပဲ... အမြန်သွားရအောင်။ ချင်ယွမ်ဟယ်ကို သတ်ပြီးရင် ငါတို့က အကျိုးဆောင်မှတ် ၃၀၀၀ ရမှာ"

အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အတွင်းစည်းဝတ်စုံဖြင့် လူတစ်စု ရှေ့ကို ပြေးလွှားသွားကြသည်။

.....

"ဓားဆန္ဒ..."

"ဟဟ... အရမ်းကောင်းတယ် ကောင်လေး"

မော့မိသားစုခြံဝင်းတွင် မော့ယွမ်သည် ကောင်းကင်မှ ဓားအလင်းကို ပြုံးလျှက် ကြည့်နေသည်။

"ငါက ဓား ၁၀၀၀၀ တို့အိမ်အပြန်ကို အနီးကပ် မမြင်ရတာ စိတ်မကောင်းစရာပဲ"

သူ၏မျက်လုံးများက စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်နေသည်။

.....

"ဒါက ဓား ၁၀၀၀၀ တို့အိမ်အပြန်ပဲ"

ဟန်မူယဲ့က လက်ကို ဖြေးလေးစွာ ရုတ်သိမ်းလိုက်သည်။

သူ၏ရှေ့မှ နေရာကား ဓားမိုးဖြင့် ရွာသွန်းခံရသလို နေရာအနှံ့ အရာခပ်သိမ်း အပိုင်းပိုင်းပြတ်တောက်နေသည်။

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now