အပိုင်း ၂၄ - အသက်ဓာတ်ကုန်ခမ်းခြင်းအကြောင်း

238 22 0
                                    

လင်းရှန်၏မျက်လုံးများသည် နီမြန်းနေကာ ဟန်မူယဲ့အား ဒေါသတကြီး ကြည့်နေသည်။

ဓားချက်တစ်သန်း ခုတ်ရန်မှာ သူ၏ကျင့်ကြံခြင်းလမ်းစဉ် ဖြစ်သည်။

၎င်းသည် သူ၏ယုံကြည်မှုလည်း ဖြစ်၏။

တစ်စုံတစ်ယောက်က သူ၏လမ်းစဉ်ကို မေးခွန်းထုတ်ခြင်းသည် သူ၏လမ်းစဉ်ကို ဖျက်ဆီးခြင်းနှင့် အတူတူဖြစ်သည်။

လူတစ်ယောက်၏လမ်းစဉ်ပျက်စီးခြင်းမှာ သာမန်ကိစ္စမဟုတ်ပါ။

ဟန်မူယဲ့က လင်းရှန်ကို ကြည့်ကာ အသာအယာပြောသည်။

"လေ့ကျင့်ရေးမှူးလင်း... ကျုပ်မေးမယ်။ ခင်ဗျားရဲ့ဓားကို အကြိမ်တစ်ထောင် ဝှေ့ယမ်းတာနဲ့ အကြိမ်တစ်သောင်းဝှေ့ယမ်းတာ ဘာကွာလဲ"

"ကွာတယ်..."

လင်းရှန်က တွန့်ဆုတ်ခြင်းမရှိဘဲ ဖြေသည်။

"အကြိမ်တစ်ထောင်ဝှေ့ယမ်းပြီးနောက် ငါက ဓားပညာကို ပိုပြီး သဘောပေါက်လာတယ်"

ဟန်မူယဲ့က ခေါင်းညိတ်ကာ ပြောသည်။

"အကြိမ် တစ်သိန်းနဲ့ အကြိမ်တစ်သန်းအကြား ကွာဟချက် ဘာရှိလဲ"

"ရှိတယ်..."

လင်းရှန်က ကျယ်လောင်စွာ ဖြေပြန်သည်။

"အကြိမ်တစ်သန်း ဝှေ့ယမ်းပြီးနောက်မှာ ငါဟာ ဓားကို တစ်ချက်တည်းနဲ့ ခုတ်နိုင်လိမ့်မယ်"

သူက ပြောပြီးသည်နှင့် ဟန်မူယဲ့ ဆက်မေးသည်။

"အကြိမ် ငါသန်းနဲ့ အကြိမ် ခြောက်သန်း ကွာခြားတာရှိလား"

သည်တစ်ကြိမ် လင်းရှန် ဖြေရန် တွန့်ဆုတ်နေသည်။

အတန်ကြာလျှင် သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပေးလိုက်ဟန်ရှိသည်။ သူက ပြောသည်။

"ဘာပဲဖြစ်ဖြစ် ငါက နောက်ထပ် နှစ်နည်းနည်း ဇွဲကောင်းကောင်းနဲ့ လေ့ကျင့်သွားရင်... ဓားကို အကြိမ်တစ်သန်း ဝှေ့ယမ်းပြီးသွားရင် ငါက သေချာပေါက် အကြီးအကျယ် တိုးတက်မှာပဲ"

ဟန်မူယဲ့က ခေါင်းယမ်းကာ အသာအယာပြောသည်။

"တကယ်လို့ ဓားသာ ခင်ဗျားနှလုံးသားမှာရှိရင် အကြိမ်တစ်ထောင်ဝှေ့ယမ်းတာက လုံလောက်ပါတယ်"

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now