စည်းကမ်း...
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ဟွမ်လောင်လျှိုသည် သူ့ချစ်သူနှင့် တွေ့ဆုံသောအချိန်၌ စိတ်ခံစားမှု ကြီးမားနေသည့်တိုင် ဓားစံအိမ်၏စည်းကမ်းများကို မမေ့လျော့ပေ။ ကြည့်ရသည်မှာ သူသည် အချစ်ကြောင့် စုံလုံးကန်းသွားခြင်းတော့ မရှိသေးချေ။
သူ့အတွက် မျှော်လင့်ချက် ရှိသေးပေသည်။
"ဓားစံအိမ်ဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အရေးကြီးတဲ့နေရာဖြစ်တယ်လို့ အစ်ကိုကျန်းရှုံး ပြောပြီးပြီ"
"ဂိုဏ်းရဲ့ယုံကြည်မှုကို ရပြီး ဒီနေရာကို ဦးစီးနေတဲ့သူတစ်ယောက်အတွက် သေချာပေါက် သူက စည်းကမ်းကို လေးစားဖို့လိုတာပေါ့"
လုချန်းဖျင်က အလျင်အမြန် ပြောသည်။
'ဦးစားနေတဲ့သူ...'
ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ကြည့်သည်။
ဟွမ်လောင်လျှိုက သူ့အား ပြန်ကြည့်ကာ မျက်လုံးတစ်ဖက်မှိတ်ပြ၏။
အစ်ကိုဟွမ်၏ကြွားဝါမှုက နည်းနည်း အကဲပိုနေသည်။
"ဂျူနီယာညီမလုဟာ ဓားစံအိမ်ကို မဝင်နိုင်ဘူး။ ဒါပေမဲ့ ညီလေးဟန်ဟာ ဓားတွေကို ရွေးချယ်တာမှာ ပညာရှင်ပဲ။ မနက်ဖြန် စျေးတန်းကိုသွားပြီးတော့ ဓားသွားဝယ်ကြ။ ညီမကို သူ အဖော်လိုက်ပေးလိမ့်မယ်"
"အစ်ကို့မှာ မနက်ဖြန် အကြီးအကဲတွေနဲ့ အစည်းအဝေးရှိသေးတယ်။ ဒါကြောင့် ညီမကို အဖော်မလိုက်ပေးနိုင်သေးဘူး"
ဟွမ်လောင်လျှိုက ဘေးမှ လုချန်းဖျင်ကို ကြည့်ကာ ပြောသည်။
ထို့နောက် သူက ဟန်မူယဲ့အား တောင်းဆိုသောအကြည့်ဖြင့် ကြည့်သည်။
လုချန်းဖျင်က ခေါင်းညိတ်ကာ ဟန်မူယဲ့အား ကြည့်သည်။
"ဒါဆို ဂျူနီယာမောင်လေးဟန်ကိုပဲ ကျေးဇူးတင်ရတော့မယ်"
လုချန်းဖျင်နှင့် ဓားသွားဝယ်ရမည်လား။
ဟန်မူယဲ့ တွေးလိုက်သည်။
ဤနည်းဖြင့် သူသည် လုချန်းဖျင်၏လက်မှဓားကို ကိုင်ခွင့်ရကာ သူမသည် ဟွမ်လောင်လျှိုအား ချဉ်းကပ်ခြင်းအပေါ် မကောင်းသော အကြံအစည်များ ရှိမည်လား သူ ရှာတွေ့နိုင်သည်။
YOU ARE READING
တုနှိုင်းမဲ့ ဓားထိန်း
Fantasíaမူရင်းနာမည်_ Maximum Comprehension: Taking Care of Swords In A Sword Pavilion မူရင်းစာရေးဆရာ_ I Am Not A Chibi ဘာသာပြန်_ ဦးဝင်းချို