အပိုင်း ၆၉ - ဂိုဏ်းစုံညီစုဝေးပွဲ စတင်ခြင်း

166 16 0
                                    

၎င်းကား အမှန်တကယ် ကျားဖြူစာလိပ်အတွက် ဖြစ်သည်။

ကျောက်ဖူက သေချာပေါက် ထိုကိစ္စကို စိတ်ဝင်စားမည်ဟု သူ တွက်ထားခဲ့သည်။

"စီနီယာအစ်ကိုကျောက်..."

ဟန်မူယဲ့က စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ကျောက်ဖူသည် နောက်လှည့်ကာ သူ့အား တောက်ပသော မျက်လုံးများဖြင့် ကြည့်သည်။ သူကား သေရည်မူးနေဟန် မတူတော့ပါ။

"ငါဟာ သရုပ်ပြခန်းဆောင်မှာ အဆင့်နိမ့်ခန္ဓာကိုယ်ကျင့်ကြံနည်းစနစ်တွေကို လိုက်လံပြီး သင်ကြားပြသပေးတယ်။ အဲဒီက ရတဲ့အတွေးသစ်အမြင်သစ်တွေကို အသုံးချပြီး အဆင့်တက်လှမ်းနိုင်ဖို့ ရည်မှန်းထားတာပဲ"

"ကျောက်တုံးသုံးတုံးစံအိမ်မှာ ကျားဖြူပန်းချီစာလိပ်ထဲက လျှို့ဝှက်ချက်ကို နားလည်ဖို့အတွက်ဆို ငါ့လောက် စိတ်အားထက်သန်တဲ့လူ ရှိမှာ မဟုတ်ဘူး"

ဟန်မူယဲ့၏မျက်လုံးများကို ကြည့်ကာ ကျောက်ဖူသည် သူ၏ခံစားချက်များကို ချုပ်တီးလိုက်သည်။

"ငါဟာ ကျောက်တုံးသုံးစံအိမ်က ဝါစဉ်အကြီးဆုံးတပည့်ပဲ"

မှန်သည်၊ ကျောက်ဖူကဲ့သို့ မည်သူမှ ကျောက်တုံးသုံးတုံးစံအိမ်၏အမွေအနှစ်ကို တန်ဖိုးထားမည် မဟုတ်ပါ။

ဟန်မူယဲ့က သူ၏ခံစားချက်ကို နားလည်နိုင်သည်။

ခေါင်းညိတ်ရင်းဖြင့်ပင် ဟန်မူယဲ့က တီးတိုးပြောသည်။

"စီနီယာအစ်ကိုကျောက်... ကျုပ် အဲဒီပန်းချီစာလိပ်ကို အစ်ကို,ကို ပေးနိုင်တယ်"

သူ၏အမြင်တွင် ကျားဖြူစာလိပ်ထဲမှ ဓားစုစည်းစနစ်နှင့် ဓားမာန်ဟုန်တို့သည်သာ စစ်မှန်သော ရတနာဖြစ်သည်။ ယခု သူသည် ထိုပညာရပ်များအား နားလည်ထားပြီးဖြစ်ရာ ၎င်းတန်ဖိုးမှာ ဓားဆန္ဒတချို့နှင့် သိပ်မကွာခြားတော့ပေ။

ဟန်မူယဲ့တွင် ဓားဆန္ဒ မရှားပါးပါ။

သူ၏စကားက ကျောက်ဖူကို အံ့အားသင့်စေသည်။

ဟန်မူယဲ့အား စိုက်ကြည့်ရင်း ကျောက်ဖူက လေးနက်စွာ မေးသည်။

တုနှိုင်းမဲ့ ဓားထိန်းWhere stories live. Discover now